သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္အမႈၾကားနာမႈမ်ား ေနာက္တပတ္ရက္ခ်ိန္း


ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္နဲ႔သမၼတဦးဝင္းျမင့္တို႔ကို ေမလ ၂၄ ရက္ေန႔က ႐ံုးထုတ္စဥ္။

Zawgyi/Unicode

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္နဲ႔ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ဳိးေအာင္တို႔ရဲ႕ ဒီကေန႔ ႐ုံးခ်ိန္းေတြကို စစ္ေကာင္စီက ထပ္မံ ရက္ေရႊ႕ဆိုင္းလိုက္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အက်ဳိးေဆာင္ေရွ႕ေန ေဒၚမင္းမင္းစိုးက သတင္းမီဒီယာေတြကို ဒီကေန႔ ေျပာပါတယ္။

တရား႐ုံးက သူတို႔ ၃ ဦးရဲ႕အမႈကို ၾသဂုတ္လ ၁၀ ရက္နဲ႔ ၁၁ ရက္ေန႔ေတြကို အသီးသီး ရက္ေရႊ႕ဆိုင္းလိုက္ေၾကာင္း ဗြီဒီယို Conferencing ကတဆင့္ အေၾကာင္းၾကားခဲ့တာလို႔ ေဒၚမင္းမင္းစိုးကေျပာပါတယ္။
သူတို႔ ၃ ဦးရဲ႕ အမႈေတြကို ေနျပည္ေတာ္သီးသန္႔တရား႐ုံးမွာ တနလၤာနဲ႔ အဂၤါေန႔ေတြမွာ ပုံမွန္ ၾကားနာ စစ္ေဆးေနတာျဖစ္ေပမယ့္ ျမန္မာႏိုင္ငံမွာ လတ္တေလာ အရွိန္ျမင့္ ျဖစ္ေပၚေနတဲ့ ကိုဗစ္-၁၉ တတိယလႈိင္းေၾကာင့္ အစိုးရ႐ုံးေတြပါ ပိတ္ထားရၿပီး သူတို႔ရဲ႕အမႈ ၾကားနာ စစ္ေဆးမႈေတြကိုလည္း ၿပီးခဲ့တဲ့ သီတင္းပတ္ကစၿပီး ရက္ေရႊ႕ဆိုင္းခဲ့ပါတယ္။
ႏိုင္ငံအတြင္း ကိုဗစ္-၁၉ တတိယလႈိင္း ျဖစ္ေပၚေနတာေၾကာင့္ စစ္ေကာင္စီက ၾသဂုတ္လ ၈ ရက္ေန႔အထိ အမ်ားျပည္သူ ႐ုံးပိတ္ရက္အထိ တိုးျမင့္ သတ္မွတ္ထားပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅၊ အစိုးရလွ်ိဳ႕ဝွက္ ခ်က္ေပါက္ ၾကားမႈဥပေဒပုဒ္မ ၃ (၁) (ဂ)၊ ပို႔ကုန္သြင္းကုန္ဥပဒပုဒ္မ ၈ ၊ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံေဆာ္မႈ လုပ္ေဆာင္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅(ခ)၊ တို႔ အျပင္ သဘာဝ ေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ နဲ႔ အမႈ ၂ ခု၊ စုစုေပါင္း ၇ မႈနဲ႔ တရားစြဲခံထားရပါတယ္။

======

တိုက္႐ိုက္ လင့္ခ္

Unicode

ဒေါ်အောင်ဆန်းစုကြည်အမှုကြားနာမှုများ နောက်တပတ်ရက်ချိန်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ရဲ့ ဒီကနေ့ ရုံးချိန်းတွေကို စစ်ကောင်စီက ထပ်မံ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ဒေါ်မင်းမင်းစိုးက သတင်းမီဒီယာတွေကို ဒီကနေ့ ပြောပါတယ်။တရားရုံးက သူတို့ ၃ ဦးရဲ့အမှုကို သြဂုတ်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေကို အသီးသီး ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ဗွီဒီယို Conferencing ကတဆင့် အကြောင်းကြားခဲ့တာလို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။
သူတို့ ၃ ဦးရဲ့ အမှုတွေကို နေပြည်တော်သီးသန့်တရားရုံးမှာ တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ပုံမှန် ကြားနာ စစ်ဆေးနေတာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ လတ်တလော အရှိန်မြင့် ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် အစိုးရရုံးတွေပါ ပိတ်ထားရပြီး သူတို့ရဲ့အမှု ကြားနာ စစ်ဆေးမှုတွေကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပေါ်နေတာကြောင့် စစ်ကောင်စီက သြဂုတ်လ ၈ ရက်နေ့အထိ အများပြည်သူ ရုံးပိတ်ရက်အထိ တိုးမြင့် သတ်မှတ်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅၊ အစိုးရလျှို့ဝှက် ချက်ပေါက် ကြားမှုဥပဒေပုဒ်မ ၃ (၁) (ဂ)၊ ပို့ကုန်သွင်းကုန်ဥပဒပုဒ်မ ၈ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)၊ တို့ အပြင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စုစုပေါင်း ၇ မှုနဲ့ တရားစွဲခံထားရပါတယ်။

#MyanmarMilitaryCoup #AungSanSuuKyi #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG