သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဆးပညာဆိုင္ရာ ႏိုဘဲလ္ဆု ဆြီဒင္ႏိုင္ငံသား ေဒါက္တာ Svante Pääbo ရရွိ


၂၀၂၂ ခုႏွစ္ရဲ႕ ေဆးပညာဆိုင္ရာႏိုဘယ္ဆုရွင္ ဆြီဒင္လူမ်ိဳး ေဒါက္တာ Svante Pääbo 

[[Zawgyi/Unicode]]

၂၀၂၂ ခုႏွစ္ရဲ႕ ေဆးပညာဆိုင္ရာႏိုဘယ္ဆုကို ဆြီဒင္လူမ်ိဳး ေဒါက္တာ Svante Pääbo (စပန္တီ ေပးဘို) ကို ခ်ီးျမႇင့္လိုက္ပါတယ္။

ဒီႏွစ္အတြက္ ႏိုဘယ္ဆုေတြကို ေၾကညာရာမွာ ဒါဟာ ပထမဆုံး ေၾကညာတဲ့ ဆုျဖစ္ပါတယ္။ ေဒါက္တာ ေပးဘိုဟာ ေရွးေခတ္ လူရဲ႕ဗီဇ႐ုပ္ေတြကို ေလ့လာေဖာ္ထုတ္တဲ့ပညာကို စတင္ခဲ့သူ ျဖစ္ပါတယ္။ ဂ်ာမနီႏိုင္ငံ လစ္ပ္ဇစ္ၿမိဳ႕မွာရွိတဲ့ လူသားတျဖည္းျဖည္းေျပာင္းလဲပုံ မႏုႆေဗဒပညာ ေလ့လာေရးဌာနရဲ႕ ၫႊန္ၾကားေရးမႉးအျဖစ္ တာဝန္ထမ္းေဆာင္ေနပါတယ္။

သူဟာ အီဂ်စ္ကမာမီေတြရဲ႕ ဗီဇ႐ုပ္ေတြကိုေလ့လာခဲ့သလို လူမ်ိဳးႏြယ္နဲ႔ အမ်ိဳးဆက္ေနတယ္လို႔ ယူဆၾကတဲ့ Neanderthal ရဲ႕ မ်ိဳး႐ိုးဗီဇ႐ုပ္ေတြကို ေလ့လာခဲ့တဲ့ ပညာရွင္ျဖစ္ပါတယ္။

ဒါ့အျပင္ ထပ္မံေတြ႕ရွိခဲ့တဲ့ Denisova လူမ်ိဳးႏြယ္တရပ္ရဲ႕ မ်ိဳး႐ိုးဗီဇကိုပါ ေလ့လာခဲ့ပါတယ္။ လက္ရွိ ေခတ္သစ္လူသားကို သိပၸံပညာအေခၚအားျဖင့္ Homo sapiens လို႔ ေခၚပါတယ္။

Neanderthal နဲ႔ Denisova တို႔ ရဲ႕ GENE ေခၚ ဗီဇ႐ုပ္ေတြက ေခတ္သစ္လူသား Homo sapiens ဆီ ကူးေျပာင္းသြားတာကို သူက ေဖာ္ထုတ္ေတြ႕ရွိခဲ့တာပါ။ ဒီ ေတြ႕ရွိခ်က္ေၾကာင့္ evolution လို႔ေခၚတဲ့ တျဖည္းျဖည္း လူျဖစ္ေပၚလာပုံ ပညာရပ္ ရဲ႕ သေဘာတရားဟာ ေျပာင္းလဲသြားရပါတယ္။

ေဒါက္တာ စဗန္တီ ေပးဘိုကို ဆုခ်ီးျမႇင့္ရျခင္း ႏိုဘယ္ဆုေ႐ြးခ်ယ္ေရး ေကာ္မီတီရဲ႕မွတ္ခ်က္မွာလည္း ဒီ အခ်က္ကို ေဖာ္ျပထားပါတယ္။ ေရွးေခတ္ကေန ယခုေခတ္လူသားရဲ႕ ဗီဇ႐ုပ္ေတြအထိ စီးဆင္းခဲ့ပုံ ပညာရပ္ဟာ အေရးပါၿပီး ကေန႔ လူသားရဲ႕ကိုယ္ခံအားစနစ္ေတြက ေရာဂါပိုးမႊားေတြအေပၚ သက္ေရာက္ပုံအထိ ဆက္စပ္ေနတယ္လို႔ ႏိုဘယ္ဆု ေကာ္မီတီက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ဆေးပညာဆိုင်ရာ နိုဘဲလ်ဆု ဆွီဒင်နိုင်ငံသား ဒေါက်တာ Svante Pääbo ရရှိ

၂၀၂၂ ခုနှစ်ရဲ့ ဆေးပညာဆိုင်ရာနိုဘယ်ဆုကို ဆွီဒင်လူမျိုး ဒေါက်တာ Svante Pääbo (စပန်တီ ပေးဘို) ကို ချီးမြှင့်လိုက်ပါတယ်။

ဒီနှစ်အတွက် နိုဘယ်ဆုတွေကို ကြေညာရာမှာ ဒါဟာ ပထမဆုံး ကြေညာတဲ့ ဆုဖြစ်ပါတယ်။ ဒေါက်တာ ပေးဘိုဟာ ရှေးခေတ် လူရဲ့ဗီဇရုပ်တွေကို လေ့လာဖော်ထုတ်တဲ့ပညာကို စတင်ခဲ့သူ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ လစ်ပ်ဇစ်မြို့မှာရှိတဲ့ လူသားတဖြည်းဖြည်းပြောင်းလဲပုံ မနုဿဗေဒပညာ လေ့လာရေးဌာနရဲ့ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

သူဟာ အီဂျစ်ကမာမီတွေရဲ့ ဗီဇရုပ်တွေကိုလေ့လာခဲ့သလို လူမျိုးနွယ်နဲ့ အမျိုးဆက်နေတယ်လို့ ယူဆကြတဲ့ Neanderthal ရဲ့ မျိုးရိုးဗီဇရုပ်တွေကို လေ့လာခဲ့တဲ့ ပညာရှင်ဖြစ်ပါတယ်။

ဒါ့အပြင် ထပ်မံတွေ့ရှိခဲ့တဲ့ Denisova လူမျိုးနွယ်တရပ်ရဲ့ မျိုးရိုးဗီဇကိုပါ လေ့လာခဲ့ပါတယ်။ လက်ရှိ ခေတ်သစ်လူသားကို သိပ္ပံပညာအခေါ်အားဖြင့် Homo sapiens လို့ ခေါ်ပါတယ်။

Neanderthal နဲ့ Denisova တို့ ရဲ့ GENE ခေါ် ဗီဇရုပ်တွေက ခေတ်သစ်လူသား Homo sapiens ဆီ ကူးပြောင်းသွားတာကို သူက ဖော်ထုတ်တွေ့ရှိခဲ့တာပါ။ ဒီ တွေ့ရှိချက်ကြောင့် evolution လို့ခေါ်တဲ့ တဖြည်းဖြည်း လူဖြစ်ပေါ်လာပုံ ပညာရပ် ရဲ့ သဘောတရားဟာ ပြောင်းလဲသွားရပါတယ်။

ဒေါက်တာ စဗန်တီ ပေးဘိုကို ဆုချီးမြှင့်ရခြင်း နိုဘယ်ဆုရွေးချယ်ရေး ကော်မီတီရဲ့မှတ်ချက်မှာလည်း ဒီ အချက်ကို ဖော်ပြထားပါတယ်။ ရှေးခေတ်ကနေ ယခုခေတ်လူသားရဲ့ ဗီဇရုပ်တွေအထိ စီးဆင်းခဲ့ပုံ ပညာရပ်ဟာ အရေးပါပြီး ကနေ့ လူသားရဲ့ကိုယ်ခံအားစနစ်တွေက ရောဂါပိုးမွှားတွေအပေါ် သက်ရောက်ပုံအထိ ဆက်စပ်နေတယ်လို့ နိုဘယ်ဆု ကော်မီတီက ဆိုပါတယ်။

XS
SM
MD
LG