သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခတွင်းက အမျိုးသမီးဒုက္ခ SWAN အဖွဲ့ဖေါ်ထုတ်မည်

SWAN
SWAN

SWAN လို့အတိုခေါက်ခေါ်တဲ့ ရှမ်းအမျိူးသမီး လှုပ်ရှားမှုကွန်ယက်အနေနဲ့ (၁၆) ရက်ကြာ လှုပ်ရှားမူတခု စလုပ်လိုက်ပြီး ရှမ်းပြည်နယ်တွင်း စစ်ပွဲတွေမှာ အမျိုးသမီးတွေ ခံစားနေရတာတွေကို ထုတ်ဖော်သွားမယ်လို့ ကြေညာချက်ထုတ်လိုက်ပါတယ်။

ဒီနေ့ ထုတ်ပြန်တဲ့ SWAN အဖွဲ့ရဲ့ကြေညာချက်ထဲမှာ Why No Women “အမျိုးသမီးတွေ ပါဝင်ခွင့်ဘာကြောင့် မပေးရတာလဲ” လို့ ဆိုတဲ့ ဒီလှုပ်ရှားမှုကို ဒီနေ့ နိုဝင်ဘာ (၂၅) ကနေ ဒီဇင်ဘာ (၁၀) ရက်အထိ ပြုလုပ်သွားပြီး လူမှုကွန်ယက်မီဒီယာကို အသုံးပြုတင်ပြသွားမယ်လို ဆိုပါတယ်။

၁၉၉၁ ခုနှစ်ကနေစပြီး ကမ္ဘာပေါ်က အဖွဲ့ပေါင်းစုံနဲ့ တဦးချင်းကိုယ်စားပြုသူတွေ အများအပြား တက်ရောက် လာကြတဲ့ ဒီ လှုပ်ရှားမှုမှာ စစ်ပွဲတွေအပါအဝင် အခြေအနေ အမျိုးမျိုးအောက်မှာ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ခံစားနေရတာတွေကို ထုတ်ဖော်တင်ပြလေ့ရှိပါတယ်။

အခု ပွဲမှာလည်း မြန်မာနိုင်ငံစစ်ပွဲတွင်း ကျေးလက်ဒေသက အရပ်သူအမျိုးသမီးတွေအနေနဲ့ ခံစားနေရတာ တွေကို လျော့ချနိုင်ဖို့ အမျိုးသမီးတွေကို ဆုံးဖြတ်ချက်တွေချရာမှာ ဘာကြောင့်ပါဝင်ခွင့်ပေးသင့်တာ (၁၆) ချက် နဲ့ အမျိုးသမီးအခွင့်အရေးကာကွယ်ပေးဖို့ ဘာတွေလုပ်ပေးသင့်တဲ့ အဆိုပြုချက် (၁၆) ချက်ကို လူမှု ကွန်ယက် မီဒီယာကနေတဆင့် ပန်ကြားသွားမယ်လို့ ဆိုပါတယ်။

ဒီ SWAN အဖွဲ့ ညွန်ကြားရေးမှူး Nang Hearn က အမျိုးသမီးတွေအနေနဲ့ ဝဋ်ဒုက္ခခံစားရတဲ့ သားကောင်တွေလို ဖော်ပြတာမခံချင်ဘူး၊ စစ်တပ်တွေအကြားမှာ လူမဆန်တဲ့မတရားကျူးလွန်မှုတွေနဲ့ အကြောက်တရားတွေ ခံစား နေရပေမဲ့ ကြံ့ကြံ့ခံ ရပ်တည်လာခဲ့တယ်၊ ဒီကျူးလွန်မှုတွေအတွက် တရားမျှတမှုဖော်ဆောင်ပေးဖို့ တောင်းဆိုလို တယ်လို့ ဆိုပါတယ်။

ပဋိပက္ခတွင်းက အမျိုးသမီးဒုက္ခ SWAN အဖွဲ့ဖေါ်ထုတ်မည်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG