သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွီဒင်တိုက်ခိုက်မှု အကြမ်းဖက် လုပ်ရပ်အဖြစ် စုံစမ်းတွေ့ရှိ


ဆွီဒင်တိုက်ခိုက်မှု အကြမ်းဖက် လုပ်ရပ်အဖြစ် စုံစမ်းတွေ့ရှိ

နောက်ခံမတူကြတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်ကြတဲ့ ဆွီဒင်နိုင်ငံမှာ ဗုံးဖောက်ခွဲတဲ့ လုပ်ရပ်ကို လက်မခံနိုင်ဘူးလို့ ဆွီဒင်ဝန်ကြီးချုပ် ဖရက်ဒရစ်ခ် ရိမ်းဖဲ့လ်ဒ် (Fredrik Reinfeldt) က ပြောလိုက်ပါတယ်။

စတော့ခ်ဟုမ်း (Stockholm) မြို့လယ်က လူစည်ကားတဲ့ ဈေးဆိုင်တွေရှိရာ လမ်းတခုပေါ်မှာ စနေနေ့က ဗုံး ၂ လုံး ပေါက်ကွဲခဲ့မှုကို အကြမ်းဖက်မှုအဖြစ် ဆွီဒင်ရဲတပ်ဖွဲ့က ကိုင်တွယ် စုံစမ်းနေပါတယ်။

ဗုံးပေါက်ကွဲမှုတွေကြောင့် ဗုံးခွဲသူလို့ မသင်္ကာသူတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာအနည်းငယ် ရခဲ့ကြပါတယ်။

တကယ်လို့ ဒီဖောက်ခွဲမှုတွေသာ အသေခံဖောက်ခွဲမှု ဖြစ်မယ်ဆိုရင် ဒါဟာ ဆွီဒင်နိုင်ငံမှာ အရင်က မဖြစ်ခဲ့ဘူးတဲ့ အသစ်အဆန်း ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။ ပေါက်ကွဲမှုတွေကြောင့် နိုင်ငံရဲ့ လုံခြုံရေးအဆင့်ကို တိုးမြှင့်စရာ မလိုပါဘူးလို့လည်း သူက ပြောပါတယ်။

စနေနေ့က ဖောက်ခွဲမှုတွေဟာ အင်မတန် စိုးရိမ်စရာကောင်းတဲ့ အကြမ်းဖက်ဖို့ ကြိုးစားမှုပဲလို့ ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး Carl Bildt ကလည်း ပြောပါတယ်။

လူသွားလူလာများတဲ့ ဈေးဆိုင်ခန်းတွေရှိရာ လမ်းပေါ်မှာ ကားတစင်း ပထမ ပေါက်ကွဲခဲ့ပြီးတဲ့နောက် ဒုတိယဗုံးက ကိုက် ၃၀၀ အကျော်လောက်မှာ ပေါက်ကွဲပြီး လူတယောက် သေဆုံးခဲ့တာလို့ ရဲက ပြောပါတယ်။

XS
SM
MD
LG