သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည် ၈ သောင်းနီးပါးကို နေရပ်ပြန်ပို့ဖို့ ဆွီဒင်စီစဉ်


ဆွီဒင်ကို ခိုလှုံလာတဲ့ ဒုက္ခသည်တွေကို ဆွီဒင်ရဲလုံခြုံရေးများ စောင့်ကျပ်နေစဉ်။
ဆွီဒင်ကို ခိုလှုံလာတဲ့ ဒုက္ခသည်တွေကို ဆွီဒင်ရဲလုံခြုံရေးများ စောင့်ကျပ်နေစဉ်။

ဆွီဒင်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ် အတွင်း စံချိန်တင်ရောက်ရှိလာတဲ့ နိုင်ငံရေး ခိုလှုံခွင့်ရဖို့ ကြိုးစားနေသူတွေထဲက လူဦးရေ ၈၀,၀၀၀လောက်ကို ဌာနေရင်းတွေ ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ပြန်ပို့မယ်ဆိုတဲ့ အရေအတွက်က ဆီးရီးယား၊ အီရတ်နဲ့ အာဖဂနစ္စတန် စစ်ပွဲတွေကနေ ထွက်ပြေးလာကြပြီး ဆွီဒင်နိုင်ငံတွင်းကို ဝင်ရောက်ခဲ့ကြတဲ့ လူပေါင်း ၁၆၃, ၀၀၀ ထဲက ထက်ဝက် နီးပါး ရှိပါတယ်။ နိုင်ငံသား ခိုလှုံခွင့် လျှောက်ထားမှုတွေ ပယ်ချခံထားရတာကြောင့် စစ်ပြေး ဒုက္ခသည်တွေကို ပြန်ပို့မှာ ဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီး Anders Ygeman က ဆွီဒင် သတင်းစာ တစောင်ကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လျှောက်ထားမှု ပယ်ချခံရသူတွေ အနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် နိုင်ငံတွင်းကနေ ထွက်ခွာသွားနိုင်ပြီး ဒါမှမဟုတ်ရင်တော့ အတင်းအကျပ် ပြန်ပို့မယ်ခံရမှာ ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံရဲ့ ကာလရှည် တည်ရှိခဲ့တဲ့ နယ်စပ်တွေ ဖွင့်လှစ်ထားရေး မူဝါဒကြောင့် စစ်ပြေး ဒုက္ခသည်တွေ အများဆုံး ဝင်ရောက်တဲ့ နိုင်ငံ တခု ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ဒုက္ခသည် အများအပြား ဝင်ရောက်လာတာကြောင့် နယ်စပ်တွေကို ထိန်းချုပ်ပြီး နောက်ထပ် ရောက်ရှိလာသူတွေကို မှတ်ပုံတင် စစ်ဆေးဖို့ ဆွီဒင် အစိုးရဘက်က မဖြစ်မနေ လုပ်ဆောင်လာရတာ ဖြစ်ပါတယ်။

တချိန်တည်းမှာဘဲ ဂရိ နိုင်ငံ Samos ကျွန်း အနီးမှာ ပင်လယ်ပြင် မှာ ရွှေ့ပြောင်း ဝင်ရောက်သူတွေရဲ့ လှေတစင်း နစ်မြုပ်တာကို ဒီကနေ့ ကယ်ဆယ်ခဲ့ရ တာမှာတော့ ကလေးငယ် အများစု အပါအဝင် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ရပါတယ်။ လူ ၁၀ ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြော ပါတယ်။ မနေ့ ဗုဒ္ဓဟူးနေ့က Kos ကျွန်း အလွန် ပင်လယ်ပြင်မှာလည်း လှေတစင်း နစ်မြုပ်ခဲ့ပြီး ကလေးငယ် ၂ ဦး အပါအဝင် သေဆုံးသူ ၇ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိခဲ့ပါတယ်။

XS
SM
MD
LG