သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစားထိုးသားအိမ်နဲ့ ကလေးမွေးဖွား


ဆွီဒင်နိုင်ငံက ၂၀၁၂ ခုနှစ်အတွင်းက သားအိမ်အစားထိုးကုသမှု တခု။
ဆွီဒင်နိုင်ငံက ၂၀၁၂ ခုနှစ်အတွင်းက သားအိမ်အစားထိုးကုသမှု တခု။

သားအိမ်အစားထိုးထည့်ထားသူအမျိုးသမီးကနေ သားယောင်္ကျားလေးတယောက်ကို မွေးဖွားခဲ့ပါတယ်။ ဆွီဒင်နိုင်ငံက အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတယောက်ဟာ ကမ္ဘာပေါ်က သားအိမ်အစားထိုးကုသမှုခံယူထားသူတွေထဲမှာ ပထမဆုံး ကလေးမွေးဖွားခဲ့သူဖြစ်ပါတယ်။

မိခင်မှာ အသက်အန္တရာယ်ရှိလောက်အောင် သွေးတိုးခဲ့တာကြောင့် ကလေးကို ၃၁ လနဲ့ ပြီးခဲ့တဲ့လက ဗိုက်ခွဲပြီး စော မွေးခဲ့တာဖြစ်တယ်လို့ ဆွီဒင်ဆရာဝန်တွေက ပြောပါတယ်။ အခုတော့ ကလေးရော အမေပါ သူတို့နေအိမ်မှာ ကျန်းကျန်းမာမာ ရှိနေကြပါတယ်။ အဲဒီအမျိုးသမီးရော
သူ့ရဲ့ ခင်ပွန်းပါ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို ဖုံးကွယ်ထားကြပါတယ်။

ဓာတ်ခွဲခန်းမှာ မျိုးအောင်အောင်လုပ်ထားတဲ့ သန္ဓေသားလောင်းကို သားအိမ်အစားထိုးထားတဲ့ အဲဒီအမျိုးသမီးရဲ့ သားအိမ်ထဲကို ပြန်ထည့်ပြီး

ကိုယ်ဝန်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူတို့လင်မယားရဲ့မိတ်ဆွေ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတယောက်က သားအိမ်ကို လှူခဲ့တာဖြစ်ပြီး သားအိမ်အစားထိုးကုသမှုကို ပြီးခဲ့တဲ့နှစ်တုန်းက လုပ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG