နှင်းတောင်တန်းတွေပေါ် လေအနှင်မျောလွင့်တဲ့ မီးပုံးပျံပွဲ
ဆွိစ်ဇလန်နိုင်ငံ နှင်းဖုံးတောင်တွေကြားမြို့ငယ်လေးမှာ ကျင်းပတဲ့ မီးပုံပျံပွဲတော်အတွက် နိုင်ငံစုံက ဧည့်သည်တွေ လာရောက်ကြပါတယ်။ လေအတိုက်ကောင်းတဲ့နေရာ ဖြစ်ပေမဲ့ တချို့နေတွေမှာ လေကြမ်းလို့ ဖျက်လိုက်ရတဲ့ နေ့တွေ ရှိတတ်ပါတယ်။ မီးပုံးပျံစီးတာ ကြိုက်တဲ့သူတွေအတွက်တော့ လေထဲရောက်သွားတာနဲ့ မြေပြင်က နိစ္စဓူဝ ပြဿနာတွေက အရေးမကြီးတော့သလို စိတ်ချမ်းသာစေတယ်လို့ ပြောကြပါတယ်။