သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ဆွစ်ဇာလန် ဒဏ်ခတ်အရေးယူ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းက တရုတ်ပိုင်ရေနံသန့်စင်ရေးစက်ရုံ (အောက်တိုဘာ ၂၊ ၂၀၁၉)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းက တရုတ်ပိုင်ရေနံသန့်စင်ရေးစက်ရုံ (အောက်တိုဘာ ၂၊ ၂၀၁၉)

မြန်မာစစ်ကောင်စီရဲ့ အဓိကဝင်ငွေလမ်းကြောင်းတခုဖြစ်တဲ့ အစိုးရပိုင် မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်အရေးယူတဲ့စာရင်းထဲမှာထပ်မံထည့်သွင်းလိုက်ပြီး ဒီကနေ့အင်္ဂါနေ့မှာစတင်အသက် ဝင်မှာဖြစ်ပါတယ်။

MOGE ဟာ မြန်မာပြည်က ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို နှောက်ယှက်ဟန့်တားနေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို အထောက်အပံ့ပြုနေတဲ့အတွက် အခုလို ပိတ်ဆို့အရေးယူရတာဖြစ်တယ်လို့ ဆွစ်ဇာလန်အစိုးရရဲ့ တနင်္လာနေ့တုန်းက ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

အခုလိုဒဏ်ခတ်အရေးယူတာကို ဥရောပသမဂ္ဂကလည်းလုပ်ဆောင်ထားပြီး MOGE ဌာနတခုလုံးကိုအရေးယူတာဖြစ်သလို သက်ဆိုင်ရာတာဝန်ရှိသူတွေလည်းဒဏ်ခတ်အရေးယူတဲ့အထဲမှာပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အရွေးချယ်ခံ အရပ်သားအစိုးရကို စစ်တပ်က အာဏာသိမ်းပြီးနောက်၊ ဆန္ဒပြပွဲတွေကို စစ်တပ်ကအကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။ အဲဒီနောက် စစ်အုပ်ချုပ်ရေးကို လက်နက်ကိုင်တော်လှန်မှုတွေပေါ်ပေါက်လာခဲ့ပြီး၊ နေရာအတော်များများမှာ စစ်ပွဲတွေဖြစ်ပွားနေပါတယ်။

Forum

XS
SM
MD
LG