သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွစ်ဇာလန်မှာ ရေကြီး၊ မြေပြိုမှုကြောင့် လူ ၂ ဦး သေဆုံး


ဆွစ်ဇာလန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ မိုးသည်းထန် မြေပြိုကျခံရတဲ့ နေအိမ်များ
ဆွစ်ဇာလန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ မိုးသည်းထန် မြေပြိုကျခံရတဲ့ နေအိမ်များ

ဆွစ်ဇာလန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ မိုးသည်းထန် မြေပြိုကျရာက လူ ၂ ဦး သေဆုံးပြီး၊ ၁ ဦး ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ သီတင်းပတ်ကုန်မှာ ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းနဲ့အတူ မိုးသည်းထန်ရာက Rhone မြစ်နဲ့ မြစ်လက်တက်တွေက တာတမံတွေ ကျိုးပေါက်ခဲ့တာကြောင့် လူပေါင်းရာနဲ့ချီ ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရတာပါ။

Fontana ဒေသမှာ မြေပြိုမှုကြောင့် သေဆုံးသူ ၂ ဦးကို အရေးပေါ်ကယ်ဆယ်ရေးတွေ တွေ့ရှိခဲ့ကြောင်းလည်း ဒေသခံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူတွေဟာ အလည်အပတ်လာသူ အမျိုးသမီးတွေ ဖြစ်တယ်လို့လည်း ဒေသခံသတင်းတွေမှာ ဖော်ပြနေကြတာပါ။

ရေဘေးသင့် ဒေသမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဘောလုံးပွဲအတွက် ရောက်နေကြတဲ့ လူ ၃၀၀ လောက်ကို ကယ်ဆယ်နိုင်ဖို့လည်း အရေးပေါ်ဌာနတွေ ကြိုးပမ်းနေကြပါတယ်။ အားလပ်ရက် အပန်းဖြေထွက်သူ ၇၀ လောက်ကိုတော့ ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ကြတာပါ။ ရာသီဥတု ဆိုးရွားနေတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရပြီး၊ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Forum

XS
SM
MD
LG