သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yemen ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘော ကွဲ


ယီမင်နိုင်ငံဆိုင်ရာ ကုလအထူးသံတမန် Ismail Ould Cheikh Ahmed
ယီမင်နိုင်ငံဆိုင်ရာ ကုလအထူးသံတမန် Ismail Ould Cheikh Ahmed

ပြည်ပရောက် ယီမင်အစိုးရနဲ့ မြို့တော်ကိုထိန်းချုပ်ထားတဲ့ ရှီးယားသူပုန်တွေအကြား ဂျီနီဗာမှာ လုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ သဘောတူညီချက်မရဘဲ အဆုံးသတ် သွားပြီလို့ ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် က သောကြာနေ့မှာပြောပါ တယ်။

သူပုန်တွေက မြို့ကြီးမြို့ငယ်တွေကနေ ဆုတ်ခွာ၊ အစိုးရကိုထောက်ခံတဲ့ အနေနဲ့ ဆော်ဒီအာရေးဘီးယားက ဦးဆောင်ပြီး လေကြောင်းကတိုက်နေတာတွေ ရပ် ဆိုတဲ့အချက်တွေပါတဲ့ အပစ်အခတ်ရပ်စဲရေးကို နှစ်ဘက်စလုံးက သဘောကျကြပေမဲ့ သဘောတူညီချက်တခုရအောင်တော့ မလုပ်နိုင်ခဲ့ကြဘူးလို့ ကုလအထူးသံတမန် Ismail Ould Cheikh Ahmed ကပြောပါတယ်။

ဒါပေမဲ့လဲ သဘောတူညီချက်ရဖို့ အချိန်တခုပဲ စောင့်ရမှာဖြစ်ပြီး သူ့အနေနဲ့တော့ အကောင်းမြင်ထားတယ်လို့ Ould Cheikh Ahmed ကဆိုပါတယ်။

ယီမင်နိုင်ငံမှာ ဟူသီလို့သိကြတဲ့ ရှီးယားသူပုန်တွေနဲ့ သမ္မတဟောင်း Ali Abdullah Saleh ကိုသစ္စာခံတဲ့တပ်ဖွဲ့တွေကတဖက်၊ တောင်ပိုင်းက သီးခြားခွဲထွက်ရေး ဝါဒီတွေ၊ ဒေသတွင်းနဲ့လူမျိုးစု ပြည်သူ့စစ်တွေ၊ ဆွန်နီ အစ္စလာမ်မစ် လက်နက်ကိုင်တွေ၊ နိုင်ငံတကာကအသိအမှတ်ပြုထားတဲ့ သမ္မတ Abed Rabbo Mansour Hadi ကိုသစ္စာခံတဲ့တပ်ဖွဲ့တွေကတဖက် တိုက်ခိုက်နေကြတာပါ။ သမ္မတ Mansour Hadi အစိုးရဟာ ဆော်ဒီအာရေးဘီးယားမှာ အခြေစိုက်နေတာဖြစ်ပါတယ်။

XS
SM
MD
LG