သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sydney ကဖေးဆိုင် စီးနင်းမှု သေနတ်သမားနဲ့အတူ ဓားစာခံ ၂ ဦးသေဆုံး

A injured hostage is wheeled to an ambulance after shots were fired during a cafe siege at Martin Place in the central business district of Sydney, Dec. 16, 2014.
1/10 A injured hostage is wheeled to an ambulance after shots were fired during a cafe siege at Martin Place in the central business district of Sydney, Dec. 16, 2014.
အသေးစိတ် ဖတ်ရှုရန် Show less
A injured hostage is carried to an ambulance after shots were fired during a cafe siege at Martin Place in the central business district of Sydney, Dec. 16, 2014.
2/10 A injured hostage is carried to an ambulance after shots were fired during a cafe siege at Martin Place in the central business district of Sydney, Dec. 16, 2014.
အသေးစိတ် ဖတ်ရှုရန် Show less
Hostages run towards armed tactical response police as they run to freedom from a cafe under siege at Martin Place in the central business district of Sydney, Australia, Dec. 16, 2014.
3/10 Hostages run towards armed tactical response police as they run to freedom from a cafe under siege at Martin Place in the central business district of Sydney, Australia, Dec. 16, 2014.
အသေးစိတ် ဖတ်ရှုရန် Show less
A hostage runs to armed tactical response police officers for safety after she escaped from a cafe under siege at Martin Place in the central business district of Sydney, Australia, Monday, Dec. 15, 2014.
4/10 A hostage runs to armed tactical response police officers for safety after she escaped from a cafe under siege at Martin Place in the central business district of Sydney, Australia, Monday, Dec. 15, 2014.
အသေးစိတ် ဖတ်ရှုရန် Show less
A hostage runs toward a police officer outside Lindt cafe, where other hostages are being held, in Martin Place in central Sydney, Australia, Dec. 15, 2014.
5/10 A hostage runs toward a police officer outside Lindt cafe, where other hostages are being held, in Martin Place in central Sydney, Australia, Dec. 15, 2014.
အသေးစိတ် ဖတ်ရှုရန် Show less
This image taken from video shows a man believed to be a gunman inside a cafe in Sydney, Australia, Dec. 15, 2014.
6/10 This image taken from video shows a man believed to be a gunman inside a cafe in Sydney, Australia, Dec. 15, 2014.
အသေးစိတ် ဖတ်ရှုရန် Show less
This image taken from video shows people holding up hands inside a cafe in Sydney, Australia, Dec. 15, 2014.
7/10 This image taken from video shows people holding up hands inside a cafe in Sydney, Australia, Dec. 15, 2014.
အသေးစိတ် ဖတ်ရှုရန် Show less
An armed tactical response police officer grabs a hostage as she flees from a cafe under siege at Martin Place in the central business district of Sydney, Australia, Dec. 15, 2014.
8/10 An armed tactical response police officer grabs a hostage as she flees from a cafe under siege at Martin Place in the central business district of Sydney, Australia, Dec. 15, 2014.
အသေးစိတ် ဖတ်ရှုရန် Show less
Armed police officers point as they stand at the ready close to a cafe under siege at Martin Place in Sydney, Australia, Dec. 15, 2014.
9/10 Armed police officers point as they stand at the ready close to a cafe under siege at Martin Place in Sydney, Australia, Dec. 15, 2014.
အသေးစိတ် ဖတ်ရှုရန် Show less
A woman is assisted as a group of people are evacuated by police from a building next to Lindt cafe in Martin Place, where hostages are being held, in central Sydney, Australia, Dec. 15, 2014.
10/10 A woman is assisted as a group of people are evacuated by police from a building next to Lindt cafe in Martin Place, where hostages are being held, in central Sydney, Australia, Dec. 15, 2014.
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ဓားစာခံတွေကို တရက်နီးပါး ဖမ်းဆီးထားခဲ့တဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ချော့ကလက်ကဖေးဆိုင်ကို လက်နက်အပြည့်နဲ့ ရဲတွေဝင်ရောက် စီးနင်းခဲ့တဲ့အတွက် သေနတ်သမားနဲ့အတူ ဓားစာခံနှစ်ဦးပါအပါအဝင် လူပေါင်း ၃ ဦးသေဆုံးခဲ့ရတယ်လို့ရဲတွေက အတည်ပြုပြောဆိုပါတယ်။

သေနတ်သမားက လူပေါင်း ၁၇ ယောက်ကို ၁၆ နာရီကြာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အသက် ၅၀ အရွယ် သေနတ်သမားဟာ Man Haron Monis ဖြစ်ပြီး အီရန်နိုင်ငံကနေ ပြောင်းရွှေ့အခြေချလာသူဖြစ်တယ်လို့ New South Wales ရဲတွေကပြောပါတယ်။ သေဆုံးခဲ့ရသူနှစ်ဦးမှာ တစ်ဦးက အသက် ၃၄ နှစ်အရွယ် အမျိုးသားဖြစ်ပြီး နောက်တဦးက အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပါတယ်။

ဆိုင်ထဲကို ရဲတွေဝင်ရောက်ချိန်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်းနဲ့ သူတို့ ဘယ်လိုသေဆုံးကြတယ်ဆိုတာကို အသေအချာ မပြောနိုင်သေးဘူးလို့ ပြည်နယ်ရဲမင်းကြီး Andrew Scipione ကပြောပါတယ်။ဒါ့အပြင် အခုတိုက်ခိုက်မှုဟာ တခြားဖြစ်ရပ်တွေနဲ့ ဆက်နွယ်မှုမရှိတဲ့ သီးခြား ဖြစ်ရပ်တခုလို့ဆိုပါတယ်။ နောက်ဓားစာခံ လေးဦးနဲ့ ရဲအရာရှိတဦးကတော့ ဒဏ်ရာတွေရခဲ့ကြပေမယ့် အသက်အန္တရာယ် သိပ်မရှိဘူးလို့လည်း ပြောပါတယ်။

သေနတ်သမားဟာ တနင်္လာနေ့မနက် ၉ နာရီ ၄၅ လောက်မှာ ဆစ်ဒနီမြို့ရဲ့ လူစည်ကားရာရပ်ကွက် Martin Place က Lindt ချော့ကလက်ကဖေးဆိုင်ကို စီးနင်းပြီး ဓားစာခံတွေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ တနင်္လာနေ့မှာ ဓားစာခံ ၅ ဦး လွတ်မြောက်လာသလို အင်္ဂါနေ့မနက်အစောပိုင်း ရဲတွေဝင်ရောက် မစီးနင်းခင်မှာလည်း နောက်ထပ် ၅ ဦး ထပ်မံလွတ်မြောက်သွားခဲ့ပါတယ်။ အခုလို လွတ်မြောက်သွားသူတွေထဲက သုံးဦးထက်မနည်းကို အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေက ကယ်တင်ခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းပြသခဲ့တဲ့ ဗွီဒီယိုရုပ်သံမှာတော့ ဝတ်စုံပြည့်နဲ့ ရဲတွေက ဆိုင်ကိုဝိုင်းထားပြီး ဆိုင်အရှေ့ပေါက်ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဓားစာခံတွေဖမ်းဆီးခဲ့သူဟာ ရဲနဲ့ဆက်သွယ်ခဲ့ပေမယ့် သူဘာ့ကြောင့်အခုလို လုပ်ရတယ်ဆိုတာကို ညှိနှိုင်းသူတွေမသိခဲ့ရဘူးလို့ ရဲပြောခွင့်ရက ပြောပါတယ်။

Man Haron Monis ဟာ အာဖဂန်နစ္စတန်မှာ တိုက်ပွဲတွေကြားသေဆုံးခဲ့ရတဲ့ သြစတြေးလျတပ်သားတွေရဲ့မိသားစုတွေဆီ သွားရောက်ပြီး ဝေဖန် အပြစ်တင်တဲ့စာတွေ ပေးဝေတာမျိုး လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်မှာ သူ့ဇနီးဟောင်း အသတ်ဖြတ်ခံရမှုမှာ ပါဝင်ပတ်သက်နေသူ တယောက်ဖြစ်သလို ဒီနှစ်အစောပိုင်းမှာလည်း အမျိုးသမီးတဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ တရားစွဲခံခဲ့ရတာပါ။

ကဖေးဆိုင်ထဲမှာ အဖမ်းအဆီးခံနေရစဉ်အတွင်း ဓားစာခံတွေဟာ မှန်ပြူတင်းကို မျက်နှာပြုပြီး လက်မြှောက်ရပ်နေကြသလို အမည်းရောင်အလံမှာ အစ္စလာမ်တွေရဲ့ Shahada လို့ခေါ်တဲ့ ဘုရားသခင်ဟာ အလ္လာတဦးထဲရှိပြီး သူ့တမန်တော်က မိုဟာမက်ဖြစ်ကြောင်း အဖြူရောင်နဲ့ ရေးသားထားတဲ့ စာတမ်းကိုပါ မှန်ပြူတင်းကနေ တွေ့မြင်ကြရပါတယ်။ ဒါဟာ IS အစ္စလန်စစ်သွေးကြွအဖွဲ့ အပါအဝင် အစ္စလာမ်အစွန်းရောက်တွေ လွှင့်ထူလေ့ရှိတဲ့ အလံဖြစ်ပါတယ်။

ကဖေးဆိုင်နားမှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးအပါအဝင် အဆောက်အဦးတွေထဲကလူတွေကို တနင်္လာနေ့က ဖယ်ရှားခိုင်းခဲ့သလို မနီးမဝေးက ဆစ်ဒနီမြို့ရဲ့ နာမည်ကျော် Opera House မှာလည်း မသင်္ကာဖွယ် အထုပ်တထုပ်တွေ့ခဲ့တာမို့ လူတွေဖယ်ရှားခိုင်းခဲ့တာပါ။ ဆိုင်တဝိုက်က လမ်းတွေတင်မက အောက်ဘက်မှာပြေးနေတဲ့ မြေအောက်ရထားလမ်းကိုပါ ပိတ်ပစ်ခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းကတည်းက သြစတြေးလျနိုင်ငံမှာ ပြည်တွင်းအကြမ်းဖက်သမားတွေရဲ့အန္တရာယ်ကို စိုးရိမ်တဲ့အတွက် သတိပေးမှုအဆင့်ကို တိုးမြှင့်ထားခဲ့ပါတယ်။အရှေ့အလယ်ပိုင်းဒေသမှာ သွားရောက်တိုက်ခိုက်နေတဲ့ သြစတြေးလျနိုင်ငံသား စုစုပေါင်း ၇၀ လောက် ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG