သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအပေါ်ကန်ဒဏ်ခတ်ပိတ်ဆို့မှုသစ်တိုးချ

ဆီးရီးယားသမ္မတ Bashar Assad
ဆီးရီးယားသမ္မတ Bashar Assad

ဆီးရီးယားပြည်သူတွေအပေါ် သမ္မတ Bashar Assad ကဓါတုလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက်လိုဆိုပြီး အမေရိကန်အစိုးရက ဆီးရီးယားအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုပေါင်း၂၇၀ ကျော် ခုချမှတ်ခဲ့ပါတယ်။ ဆီးရီးယားသိပ္ပံလေ့လာရေးနဲ့ သုတေသနဌာနက ဝန်ထမ်းပေါင်း ၂၇၁ ယောက်အပေါ်ချမှတ်လိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ကတနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

အဲဒီဌာနကနေ ဓါတုလက်နက်တွေ ထုတ်လုပ်နေတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။ ဒဏ်ခတ်စာရင်းထဲထည့်လိုက်သူတချို့ဟာ ဓါတုလက်နက်ထုတ်လုပ်ရေး အစီအစဉ်ကို လွန်ခဲ့တဲ့ ၅ နှစ်ကျော်ထဲက လုပ်နေကြသူတွေဖြစ်တယ်လို့ အိမ်ဖြူတော်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ ဝန်ကြီး Mnuchin ကပြောကြားခဲ့ပါတယ်။

ဓါတုလက်နက်အသုံးပြုမှုတားမြစ်ထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ရဲရဲတင်းတင်းချိုးဖောက်ခဲ့တဲ့ Assad အစိုးရနဲ့ သူ့ကိုကူညီထောက်ခံနေသူတွေအပေါ် တိုက်ရိုက်ပစ်မှတ်ထားပိတ်ဆို့ခဲ့တာဖြစ်တယ်လို့သူကပြောပါတယ်။ ပိတ်ဆို့ဒဏ်ခတ်ခံရသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို အရွှေ့အပြောင်းမလုပ်နိုင်အောင် အမေရိကန်ဘဏ်တွေကို အစိုးရက အမိန့်ထုတ်ခဲ့သလို အဲဒီသူတွေနဲ့ အမေရိကန်ကုမ္ပဏီတွေ စီးပွားရေးလုပ်ကိုင်မှုကိုလည်း တားမြစ်ခဲ့ပါတယ်။ အခုဒဏ်ခတ်လိုက်သူတွေဟာ ပညာတတ်တွေဖြစ်ကြပြီး ဆီးရီးယားနိုင်ငံပြင်ပကို သွားနိုင်ကြသူတွေဖြစ်ကြတယ်။

နိုင်ငံခြားမှာ သူတို့ပိုင်ဆိုင်မှုတွေ မရှိရင်တောင် နိုင်ငံတကာဘဏ္ဍာရေးစနစ်တွေကို အသုံးပြုနိုင်ကြသူတွေဖြစ်တယ်လို့ အမေရိကန်အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဆီရီးယားနိုင်ငံ Khan Sheikhoun မြို့မှာ ကလေးငယ်တွေအပါအဝင် ၉၀ နီးပါးသေဆုံးခဲ့ရတဲ့ ဓါတုလက်နက်နဲ့ တိုက်ခိုက်မှုအပေါ် Trump အစိုးရကရဲ့ အခုနောက်ဆုံး အရေးယူမှုဖြစ်ပါတယ်။ April လ ၄ ရက်နေ့က တိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် အဲဒီဓါတုလက်နက်တိုက်ခိုက်မှုကို လုပ်ခဲ့တယ်ဆိုတဲ့ ဆီးရီးယားလေတပ်စခန်းတခုအပေါ် အမေရိကန်က Missile ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဆီးရီးယားအပေါ်ကန်ဒဏ်ခတ်ပိတ်ဆို့မှုသစ်တိုးချ
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG