သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား လေယာဉ် ပစ်ချခံရမူ ဗီဒီယို သူပုန်တွေဖြန့်ချီ


Syria War Plane
Syria War Plane
ဆီးရီးယားအစိုးရတိုက်လေယာဉ်ကို ပစ်ချလိုက်တဲ့ ဗီဒီယို နဲ့ လေယာဉ်မောင်းတဲ့သူကို ဖမ်းဆီးထားတဲ့ ဗီဒီယိုကို ဆီးရီးယားသူပုန်တွေက ပြသလိုက်ပါတယ်။ တချိန်တည်းမှာပဲ၊ အစ္စလာမ် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ကလည်း ဆီးရီးယားနိုင်ငံကို အဖွဲ့ထဲကနေ ထုတ်ပစ်ဖို့ အဆိုပြုတာကို နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူလိုက်ကြပါတယ်။

သူပုန်တွေရဲ့ အဲဒီဗွီဒီယိုနဲ့ ပတ်သက်ပြီးတော့ သီးခြားအတည်ပြုချက်တော့မရသေးပါဘူး။၊ အတိုက်အခံတွေက YOUTUBE မှာ တနင်္လာနေ့က တင်လိုက်တဲ့ ဗီဒီယိုမှာတော့ သေနတ်ပစ်သံအကျယ်ကြီး နဲ့ အတူ၊ လေယာဉ်မီးလောင်နေတဲ့ပုံ နဲ့ မီးခိုးလုံးကြီးနောက်ကနေ ထွက်နေတာကို ပြထားပါတယ်။

ဒါကို ခပ်လှမ်းလှမ်းမှာရှိတဲ့ သူတစ်ယောက်ကလည်း အဲလို ပျက်ကျသွားတဲ့အပေါ်မှာ အောင်ပွဲခံနေပြီးတော့၊ အဲဒီလေယာဉ်ဟာ မိုဟာဆန်မြို့ကို ပျက်ကျသွားတယ်လို့ ပြောပါတယ်။ အဲဒီနောက် လေယာဉ်မောင်းတဲ့သူကို တခြားလက်နက်ကိုင်တွေက ဝိုင်းထားတဲ့ပုံကိုလည်း YOUTUBE မှာပြထားပါတယ်။

ဆီရီးယားသူပုန်တွေက အစိုးရစစ်လေယာဉ်ကို ပစ်ချလိုက်တယ်လို့ ပြောလိုက်တဲ့တချိန်တည်းမှာပဲ ၊ အဲဒီလေယာဉ်ဟာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုဖြစ်ပြီး လေယာဉ်မောင်းတဲ့သူလည်း လေယာဉ်ကနေ ခုန်ထွက်လိုက်တာဖြစ်တယ်လို့ ဆီရီးယားအစိုးရသတင်းမီဒီယာတွေကတော့ တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။

တချိန်တည်းမှာပဲ မက်ကာမှာအင်္ဂါနေ့ကျရင် ညီလာခံကျင်းပဖို့ပြင်ဆင်နေကြတဲ့ OIC နိုင်ငံခြားရေး ဝန်ကြီးတွေကလည်း ဆီးရိးယားးနိုင်ငံကို အဖွဲ့ထဲကနေ ထုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်ခင်ဗျာ။
XS
SM
MD
LG