သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး သံတမန်ရေး တိုးမြင့်လုပ်ဆောင်


ဆီးရီးယားသမ္မတ Bashar Al Assad
ဆီးရီးယားသမ္မတ Bashar Al Assad
ဆီရီးယားက ဓာတုလက်နက် ဖျက်သိမ်းဖို့ကိစ္စ နိုင်ငံတကာမှာ တိုးမြှင့်ဆောင်ရွက်နေချိန်မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလဗ်ဗရော့ တို့ဟာ ဆွစ်ဇလန်နိုင်ငံ ဂျာနီဗာမြို့မှာ
ဒီကနေ့ ကြာသပတေးနေ့ နှောင်းပိုင်းမှာ တွေ့ဆုံကြဖို့ရှိနေပါတယ်။

ဆီးရီးယားမှာ ရှိသမျ ဓာတုလက်နက်အားလုံးကို သမ္မတ ဘာရှာလ်အယ်လ်အာဆတ်ဘက်က အမြန်ဆုံး ထုတ်ပေးဖို့အတွက် အမေရိကန်ဘက်က အဓိက အာရုံစိုက်ဆွေးနွေးမယ်လို့ ဝန်ကြီးကယ်ရီက ပြောခဲ့တဲ့အကြောင်း သူ့ခရီးစဉ်မှာ လိုက်ပါသွားတဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီကနေ့ ရုရှနိုင်ငံမှာ ပြသတဲ့ ရုပ်မြင်သံကြား မေးမြန်းခန်းတခုမှာလည်း ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်က ဆီးရီးယားရဲ့ ဓာတုလက်နက်တွေကို နိုင်ငံတကာရဲ့ လက်ကို လွှဲပေးဖို့ ခွင့်ပြုမယ်လို့ ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG