သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား စစ်တပ်ဗိုလ်ချုပ်တစ်ဦး လုပ်ကြံခံရ


ဆီးရီးယား စစ်တပ်ဗိုလ်ချုပ်တစ်ဦး လုပ်ကြံခံရ
ဆီးရီးယား စစ်တပ်ဗိုလ်ချုပ်တစ်ဦး လုပ်ကြံခံရ

ဆီးရီးယားစစ်တပ်က အဆင့်မြင့် အရာရှိကြီးတစ်ဦး မြို့တော် ဒမတ်စကတ်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဆီးရီးယား အစိုးရပိုင် သတင်းအေဂျင်စီက ပြောပါတယ်။

ဗိုလ်မှူးချုပ် Issa al-Khouli ကို စနေနေ့မနက်က သူ့အိမ်အထွက်မှာ သေနတ်သမား ၃ ယောက်က ပစ်သတ်လိုက်တာလို့ အစိုးရပိုင် SANA သတင်းဌာနက ပြောပါတယ်။ ဗိုလ်မှူးချုပ် Al-Khouli ဟာ ဆရာဝန်တစ်ဦးဖြစ်ပြီး ဒမတ်စကတ်မြို့က စစ်ဆေးရုံ အကြီးအကဲလည်း ဖြစ်ပါတယ်။ သူ့ကို ဘယ်သူ သတ်တယ်ဆိုတဲ့ ထုတ်ဖော် ပြောဆိုလာသူတော့ မရှိသေးပါဘူး။

အတိုက်အခံတွေရဲ့ ဒေသတွေကို အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက တင်းကျပ် ထိန်းချုပ်လာနေတာကြောင့် တိုင်းပြည်တဝှမ်း အခြေအနေတွေ တင်းမာနေပါတယ်။ တိုင်းပြည်တဝှမ်း စနေနေ့က ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၃၁ ဦးလောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။

တော်လှန် ပုန်ကန်နေသူတွေကို အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း ဟုမ်းစ် (Homs) မြို့ တမြို့ထဲမှာတင် လူပေါင်း ၃၀၀ လောက် သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

မြို့တော် ဒမတ်စကတ်နဲ့ တောင်ပိုင်း ဒိုးမား (Douma) မြို့တွေမှာ ဆီးရီးယား လွတ်မြောက်ရေး တပ်တွေနဲ့ အစိုးရတပ်ဖွဲ့တွေအကြား စနေနေ့ညက တိုက်ပွဲတွေ နာရီပေါင်းများစွာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အခုဖြစ်ပေါ်နေတဲ့ တော်လှန် ပုန်ကန်မှုတွေကို လက်နက်ကိုင် သောင်းကျန်းသူတွေက ဦးဆောင် ပြုလုပ်နေတာလို့ အစိုးရဘက်က အပြစ်တင် ပြောဆိုနေပါတယ်။

အိမ်နီးချင်း လက်ဘနွန်နိုင်ငံအတွင်းက ထရီပိုလီမြို့မှာလည်း ဆီးရီးယားအစိုးရကို ထောက်ခံတဲ့ Alawites မူစလင် ဂိုဏ်းကွဲတွေနဲ့ အတိုက်အခံတွေကို ထောက်ခံတဲ့ ဆူနီ ဂိုဏ်းကွဲတွေအကြား စနေနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၂ ဦးလောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG