ဆီးရီးယားနိုင်ငံ ပဋိပက္ခမှာ ဓာတုလက်နက်အသုံးပြုခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေကို ဗြိတိသျှ စစ်ဘက်ဆိုင်ရာ သိပ္ပံပညာရှင်တွေ တွေ့ရှိထားတယ်လို့ ဗြိတိသျှ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဆီးရီးယားနိုင်ငံထဲက ခိုးယူလာတဲ့ မြေကြီးနမူနာကို စစ်ကြည့်တော့ ဓာတုလက်နက် အသုံးပြုထားတာ တွေ့ရတယ်လို့ နံမည်ထုတ်မပြောထားတဲ့ ကာကွယ်ရေးဌာနက သတင်းရပ်ကွက်ကို Times of London သတင်းစာမှာ ကိုးကားရေးသားထားပါတယ်။
ဆီးရီးယားအစိုးရတပ်ဖွဲ့တွေက သူပုန်တွေကို တိုက်ခိုက်တဲ့နေရာမှာ အဲဒီလက်နက်ကို သုံးခဲ့တာဟုတ်မဟုတ်တော့ အဲဒီသတင်းကို ပြောပြသူတွေ မသိကြပါဘူး။ အဲဒီလက်နက်တွေဟာ အဓိကရုဏ်းထိန်း ပစ္စည်းတွေဖြစ်တယ်လို့ အစီရင်ခံစာမှာ ပြောထားတာကို ကာကွယ်ရေးဝန်ကြီးဌာန က တဦးကတော့ လက်မခံပါဘူး။ အဲဒီသူက အဲဒီလက်နက်တွေဟာ sarin ဓာတုလက်နက် မဟုတ်တာဆိုတာ သေချာပါတယ်လို့ ပြောနေပါတယ်။ အဲဒီလို ဓာတုလက်နက်တွေ သုံးတယ်ဆိုပြီး ဆီးရီးယားအစိုးရနဲ့ သူပုန်တွေ တဘက်နဲ့တဘက် အပြန်အလှန် စွပ်စွဲနေကြတာပါ။
တချိန်တည်းမှာပဲ ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက် အိဒလစ်ပြည်နယ်မှာ အစိုးရက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့လို့ ကလေးတဦး အပါအ၀င် လူ ၁၈ ဦးသေဆုံးသွားတယ်လို့ ဆီးရီးယားအရေး လှုပ်ရှားသူတွေအဖွဲ့က ပြောပါတယ်။