သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားရဲတွေ ပစ်ခတ်လို့ ဆန္ဒပြသူ ၇၀ ကျော်သေဆုံး


ဆီးရီးယားရဲတွေ ပစ်ခတ်လို့ ဆန္ဒပြသူ ၇၀ ကျော်သေဆုံး
ဆီးရီးယားရဲတွေ ပစ်ခတ်လို့ ဆန္ဒပြသူ ၇၀ ကျော်သေဆုံး

ဆီးရီးယားနိုင်ငံတဝှမ်းမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အဆက်မပြတ် ဖြစ်ပေါ်နေပြီး မနေ့က သောကြာနေ့မှာ လုံခြုံရေးရဲတွေက ဆန္ဒပြသူတွေကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့လို့ လူ ၇၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး အုပ်စုတွေနဲ့ လှုပ်ရှားသူတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့မတ်လကတည်းက စတင်လာခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ မနေ့ကသေဆုံးမှုကတော့ တရက်ထဲမှာတင် လူအများဆုံး သေဆုံးမှုပါပဲ။ မျက်မြင် သက်သေတွေပြောကြတာက လုံခြုံရေးတပ်ဖွဲ့တွေက တကယ့် ကျည်ဆံအစစ်တွေနဲ့ မျက်ရည်ယိုဗုံးတွေသုံးပြီး ဆန္ဒပြသူတွေကို ဖြိုခွဲတယ်လို့ဆိုပါတယ်။

မနေ့က သောကြာနေ့ ဘုရားဝတ်ပြုအပြီး ပြန်လာကြသူတွေနဲ့ ဆန္ဒပြသူတွေ လမ်းမတွေမှာ ရောပြီးရှိနေချိန် သမ္မတ ဘက်ရှာအယ်လ် အာဆာဒ် ကို ချက်ချင်း အာဏာကဆင်းပေးဖို့ တောင်းဆိုနေကြတုန်း လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဘရက်အိုဘားမားက အခုလို အကြမ်းဖက်မှုတွေကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဒါဟာ ဆီးရီးယားအစိုးရရဲ့ တရားလွန်တဲ့လုပ်ရပ်ပဲလို့ ပြောလိုက်ပြီး ဆန္ဒပြသူတွေကို အကြမ်းဖက်နေတာတွေ ချက်ချင်း ရပ်တန့်ဖို့လည်း သမ္မတ အိုဘားမားက တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG