သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတုလက်နက်ကြောင့် ဆီးရီးယားအပေါ်အမေရိကန်ချဉ်းကပ်မှုပြောင်းနိုင်


အမေရိကန်သမ္မတအိုဘားမား (ယာ) နဲ့ ဂျော်ဒန်ဘုရင် အက်ဘ်ဒူလာ တို့ အိမ်ဖြူတော်မှာ ဆီးရီးယားအရေး ဆွေးနွေးနေစဉ်။ (ဧပြီလ ၂၆ ရက်၊ ၂၀၁၃)။
အမေရိကန်သမ္မတအိုဘားမား (ယာ) နဲ့ ဂျော်ဒန်ဘုရင် အက်ဘ်ဒူလာ တို့ အိမ်ဖြူတော်မှာ ဆီးရီးယားအရေး ဆွေးနွေးနေစဉ်။ (ဧပြီလ ၂၆ ရက်၊ ၂၀၁၃)။
ဆီးရီးယားအစိုးရက ပြည်သူတွေကို တိုက်ခိုက်တဲ့နေရာမှာ ဓာတုလက်နက် အသုံးပြုလိုက်တာဟာ ၂ နှစ်ကြာ ဖြစ်ပွားနေတဲ့ ဆီးရီးယားနိုင်ငံရဲ့ ပဋိပက္ခမှာ အမေရိကန်ပြည်ထောင်စုရဲ့ ချဉ်းကပ်မှုကို ပြောင်းလဲသွားစေနိုင်တယ်လို့ အမေရိကန် သမ္မတ ဘရက်အိုဘားမားက ပြောဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့အတူ ဒေသတွင်းက မဟာမိတ်တွေနဲ့ ကုလသမဂ္ဂတို့အနေနဲ့ ပိုမိုခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ စုဆောင်းနေတဲ့အကြောင်း သောကြာနေ့က အိမ်ဖြူတော်မှာ ဂျော်ဒန်ဘုရင် အက်ဘ်ဒူလာနဲ့အတူ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ကြာသပတေးနေ့တုန်းကတော့ ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ် အစိုးရတပ်တွေဟာ သူပုန်တပ်တွေကို ခြေမှုန်းနေတဲ့နေရာမှာ အဆိပ်ဓာတ်ငွေ့ အသုံးပြုမှု အနည်းငယ်လုပ်ခဲ့တဲ့ အထောက်အထားတွေရှိခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးက ယုံကြည်ကြောင်း သမ္မတ အိမ်ဖြူတော် အရာရှိတွေက ပြောဆိုခဲ့ပါတယ်။

၂၀၁၁ ခုနှစ် မတ်လမှာ စတင်ခဲ့တဲ့ ပြည်တွင်း ပဋိပက္ခတွေအတွင်း ဆီးရီးယားနိုင်ငံမှာ သေဆုံးသူ လူပေါင်း ၇ သောင်း ကျော်သွားပြီ ဖြစ်ပါတယ်။
XS
SM
MD
LG