သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယား ဒါရအာမြို့မှာ အရပ်သား ၆ ဦး ပစ်သတ်ခံရ


ဆီးရီယား ဒါရအာမြို့မှာ အရပ်သား ၆ ဦး ပစ်သတ်ခံရ
ဆီးရီယား ဒါရအာမြို့မှာ အရပ်သား ၆ ဦး ပစ်သတ်ခံရ

ဆီးရီးယားနိုင်ငံ ဒါရအာမြို့မှာ စနေနေ့က စစ်တပ်ရဲ့ လက်ဖြောင့်သေနတ်သမားတွေက အရပ်သားတွေကို ချောင်းမြောင်း ပစ်ခတ်ခဲ့လို့ ၆ ဦးသေဆုံး

ဆီးရီးယားနိုင်ငံ ဒါရအာမြို့မှာ စနေနေ့က စစ်တပ်ရဲ့ လက်ဖြောင့်သေနတ်သမားတွေက အရပ်သားတွေကို ချောင်းမြောင်း ပစ်ခတ်ခဲ့လို့ ၆ ဦးသေဆုံးခဲ့တယ်လို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောပါတယ်။ တင့်ကားပေါ်က ပစ်လိုက်တဲ့ ကျည်ဆံက အနားကအိမ်တလုံးကို ထိခဲ့ရာမှာ အိမ်ထဲက အမျိုးသမီးတယောက် နဲ့ သူ့သမီး ၂ ယောက်စလုံး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဆီးရီးယား အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေစုဝေးရာ ဒါရအာမြို့က ဗလီဝတ်ကျောင်းတခုကို လုံခြုံရေး တပ်ဖွဲ့က တိုက်ခိုက ်စီးနင်းလိုက်တယ်လို့ မျက်မြင်တွေက ပြောကြပါတယ်။ ဒါရအာမြို့ အိုမာရီဗလီကို စစ်တပ်က တင့်ကားတွေ အပါအဝင် လုံခြုံရေးတပ်ဖွဲ့က ဝင်စီးခဲ့ပြီး ဗလီတွင်း စခန်းချနေကြတဲ့ ဆန္ဒပြသူတွေကို မောင်းထုတ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဒါရအာမြို့ အပါအဝင် နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ နှိမ်နင်းရာမှာ ၆၅ ယောက် သေဆုံးခဲ့ရတယ်လို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ သီတင်း ၆ ပတ်ကစတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း အရပ်သား ၅၆၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်တဲ့အဖွဲ့တွေက မှတ်တမ်းတင် ထားပါတယ်။

ဒီမိုကရေစီရေး ဆန္ဒပြသူတွေအပေါ် အင်အားသုံး နှိပ်ကွပ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ ဒါရာဒေသက နောက်ထပ် အာဏာရ ဘတ်(သ်) ပါတီဝင် ၁၃၈ ယောက် နုတ်ထွက်လိုက်ကြပါတယ်။ တချိန်တည်းမှာပဲ ဒမတ်စ်ကပ်စ်မြို့မှာ အစိုးရဆန့်ကျင်ရေး ကြွေးကျော် ခဲ့ကြတဲ့ အမျိုးသမီး ၅၀ ခန့်အနက် ၁၁ ယောက် အဖမ်းခံရပါတယ်။

ဆီးရီးယားမှာ အရပ်သားတွေကို အင်အားသုံး နှိပ်ကွပ်တာကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ပြစ်တင် ရှုတ်ချလိုက်ပြီး အကြမ်းဖက် သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ သဘောတူလိုက် ကြပါတယ်။

XS
SM
MD
LG