သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဒုသမ္မတ ဘက်မပြောင်း


ဆီးရီးယား ဒုသမ္မတ Farouq Al-Sharaa (ယာ) အီရန် ထိပ်ပိုင်း အစိုးရ အရာရှိတဦးနဲ့ တွေ့ဆုံနေစဉ်။ (သြဂုတ်လ ၂၆၊ ၂၀၁၂)။
ဆီးရီးယား ဒုသမ္မတ Farouq Al-Sharaa (ယာ) အီရန် ထိပ်ပိုင်း အစိုးရ အရာရှိတဦးနဲ့ တွေ့ဆုံနေစဉ်။ (သြဂုတ်လ ၂၆၊ ၂၀၁၂)။
ဆီးရီးယားနိုင်ငံ ဒုတိယသမ္မတ Farouq Al-Sharaa ဟာ သီတင်းပတ် အတန်ကြာ လူမြင်ကွင်း ကနေ ပျောက်နေပြီး ပထမဦးဆုံးအကြိမ် အဖြစ် ထွက်လာတဲ့အတွက် သူဟာ Bashar al-Assad အစိုးရဘက်ကနေ ဘက်ပြောင်းသွားပြီ ဆိုတဲ့ ခန့်မှန်း တွက်ဆမှုတွေ အဆုံးသတ်သွားခဲ့ပါတယ်။ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဆူနီမူစလင် Farouq Al-Sharaa ဟာ ဆီးရီးယားကို လာရောက် လည်ပတ်နေတဲ့ အီရန် ထိပ်ပိုင်း အရာရှိနဲ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံခဲ့ပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့က ဗုံးပေါက်ကွဲမှုမှာ သေဆုံးခဲ့တဲ့ လုံခြုံရေး အရာရှိတွေအတွက် ကျင်းပတဲ့ အစိုးရ ဈာပန အခမ်းအနားကို တက်ရောက်ခဲ့ပြီးတဲ့နောက်ပိုင်း မစ္စတာ Sharaa ကို မမြင်တွေ့ခဲ့ကြရဘဲ ဖြစ်နေ တာပါ။ လွန်ခဲ့တဲ့ လပိုင်းအတွင်း အစိုးရ အာဆတ် ဘက်ကနေ ဘက်ပြောင်းသွားတဲ့သူတွေ အတော် များများ ရှိပါတယ်။ အစိုးရဘက်က ငြင်းပယ်နေပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့အထိ မစ္စတာ Sharaa ဟာ အိမ်နီးချင်း ဂျော်ဒန်နိုင်ငံဘက်ကို ကူးပြောင်းသွားပြီ ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေခဲ့တာပါ။

ဒီအတောအတွင်း စနေနေ့က ဆီးရီးယားနိုင်ငံ အနှံ့အပြားမှာ လူတွေ ရာနဲ့ချီပြီး သေဆုံးခဲ့တဲ့အကြောင်း ဆီးရီးယားအရေး စောင့်ကြည့်သူတွေက ပြောပါတယ်။ မြို့တော် ဒမတ်စကတ် ရဲ့ အနောက်တောင် ဘက်မှာ ရှိတဲ့ မြို့မှာ လူသေ အလောင်းပေါင်း ၂၀၀ နီးပါး တွေ့ရှိခဲ့ရပြီး နောက်ဆုံး ရရှိတဲ့ သေဆုံးသူ စာရင်းရဲ့ စုစုပေါင်းကတော့ ၃၇၀ ရှိသွားပြီလို့ ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။
XS
SM
MD
LG