သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံပေါ် ပြည်ပထောက်ခံမှု ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး သတိပေး


အတိုက်အခံပေါ် ပြည်ပထောက်ခံမှု ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး သတိပေး
အတိုက်အခံပေါ် ပြည်ပထောက်ခံမှု ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး သတိပေး

ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အသစ်ဖွဲ့လိုက်တဲ့ အတိုက်အခံကောင်စီကို အသိအမှတ်မပြုကြဖို့ သတိပေးလိုက်ပါတယ်။ ဝါလစ် အယ်လ် မော်အလ်လဲမ် (Walid al-Moallem) က ဆီးရီးယား အမျိုးသားကောင်စီကို အသိအမှတ်ပြုတဲ့ ဘယ်နိုင်ငံကိုမဆို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ တနင်္ဂနွေနေ့တုန်းက Sunday Damascus သတင်းစာကို ပြောကြားခဲ့တာပါ။ အတိုက်အခံအဖွဲ့ဟာ တရားမဝင်ဘူးလို့လည်း သူက ပြောပါတယ်။

ဒါဇင်နဲ့ချီတဲ့ ဆီးရီးယား အတိုက်အခံ ခေါင်းဆောင်တွေဟာ စနေနေ့က စတော့ဟုမ်းမှာ တွေ့ဆုံခဲ့ပြီး ပြုပြင် ပြောင်းလဲရေးအသစ်တွေအတွက် မဟာဗျူဟာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လုပ်ကြံခံရတဲ့ အတိုက်အခံခေါင်းဆောင် တစ်ဦးရဲ့ ဈာပနအခမ်းအနား တက်ရောက် လာသူတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့လို့ လူ ၅ ဦး သေဆုံးခဲ့ပါတယ်။ ကွာမစ်ရှ်လီ မြို့က အဲဒီ ဈာပနကို လူ ၅ သောင်း တက်ရောက်ခဲ့ပြီး အတိုက်အခံခေါင်းဆောင် မက်ရှ်ရှယ်လ် တမ်မိုကို နောက်ဆုံး ဂါရဝပြုခဲ့ကြတာပါ။

အမည်မသိ သေနတ်သမားလက်ချက်နဲ့ ကွယ်လွန်သွားတဲ့ မစ္စတာ တမ်မိုဟာ Kurdish Furture Party ကို ထူထောင်သူဖြစ်သလို ဆီးရီးယားအမျိုးသားကောင်စီရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

XS
SM
MD
LG