သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး နိုင်ငံတကာ ဖြေရှင်းဖို့ အာရပ်အဖွဲ့ချုပ် တိုက်တွန်း


ဆီးရီးယားအရေး နိုင်ငံတကာ ဖြေရှင်းဖို့ အာရပ်အဖွဲ့ချုပ် တိုက်တွန်း
ဆီးရီးယားအရေး နိုင်ငံတကာ ဖြေရှင်းဖို့ အာရပ်အဖွဲ့ချုပ် တိုက်တွန်း

ဆီးရီးယားနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဖြစ်နေတာကို အဆုံးသတ်အောင် ကြိုးပမ်းတဲ့အနေနဲ့ ဆီးရီးယား အစိုးရနဲ့ အတိုက်အခံအဖွဲ့တွေကြား တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်အောင် လုပ်သွားမယ်လို့ အာရပ်အဖွဲ့ချုပ်က ပြောလိုက်ပါတယ်။

လာမယ့် ၁၅ ရက်အတွင်း တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်လာအောင် လုပ်ဖို့အတွက် အာရပ်အဖွဲ့ချုပ်က ရည်မှန်းထားတယ်လို့ အဲဒီအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် နာဘီ အယ်လာရာဘီ က ပြောပါတယ်။ အာရပ် နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ကိုင်ရိုမြို့မှာ တနင်္ဂနွေနေ့က အရေးပေါ် တွေ့ဆုံပြီးတဲ့နောက် သူက အခုလို ပြောလိုက်တာပါ။

ကာတာ ဝန်ကြီးချုပ် ဟာမက်ဘင် ဂျာဆင်း အယ်လ်တာနီ ကလည်း ဒါဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်တယ်လို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။

ပင်လယ်ကွေ့နိုင်ငံ ၆ နိုင်ငံက ဆီးရီးယားကို အဖွဲ့ထဲက ထုတ်ပစ်ဖို့ အဆိုတင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင် ၂၂ နိုင်ငံပါတဲ့ အာရပ်အဖွဲ့ချုပ်အတွင်း အကြီးအကျယ် သဘောထားကွဲနေတဲ့အတွက် ဆီးရီးယားနိုင်ငံကို အဖွဲ့ထဲက မထုတ်ခဲ့ပါဘူး။

လစ်ဗျားနိုင်ငံမှာ အခုနှစ်အစောပိုင်းက ခေါင်းဆောင်ဟောင်း မိုမာဂဒါဖီက အစိုးရဆန့်ကျင် ဆန္ဒပြတဲ့ သူတွေကို အကြမ်းဖက် နှိမ်နှင်းခဲ့ပြီးတဲ့နောက်မှာ အာရပ်အဖွဲ့ချုပ်က လစ်ဗျားနိုင်ငံကို အဖွဲ့ကနေ ထုတ်ပယ် ခဲ့ပါတယ်။ ဒါပေမဲ့ လစ်ဗျားနိုင်ငံမှာ ခေါင်းဆောင်မှုအသစ် ဖြစ်လာတဲ့နောက်မှာတော့ အဖွဲ့ဝင်အဖြစ်နဲ့ ပြန်ပြီးတော့ လက်ခံခဲ့ပါတယ်။

ဆော်ဒီအာရေဗီးယားနဲ့ တခြား ပင်လယ်ကွေ့နိုင်ငံတွေက ဆီရီးယားသမ္မတ ဘက်ရှာအယ်လ် အာဆတ်ရဲ့ အကြမ်းဖက်နှိမ်နှင်းမှုကို ကန့်ကွက်တဲ့အနေနဲ့ ဒမတ်စကတ်မှာရှိတဲ့ သူ့တို့ရဲ့ သံအမတ်တွေကို ပြန်ခေါ်ခဲ့ ပါတယ်။

XS
SM
MD
LG