သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျဆုံးသူများ ဈာပန ဆီးရီးယားမှာ ဆန္ဒပြ


ကျဆုံးသူများ ဈာပန ဆီးရီးယားမှာ ဆန္ဒပြ
ကျဆုံးသူများ ဈာပန ဆီးရီးယားမှာ ဆန္ဒပြ

မနေ့ ဗုဒ္ဓဟူးနေ့က ဆီးရီးယားနိုင်ငံ တောင်ပိုင်း ဒါရာအာ (Daraa) မြို့ ဗလီတခု အနီးက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နင်းလို့ သေဆုံးသူ ၆ ဦး အပါအဝင် ဆီးရီးယား တနိုင်ငံလုံးမှာ အစိုးရရဲ့ ဖြိုခွင်းမှုတွေကြောင့် သေဆုံးရသူ အနည်းဆုံး ၁၅ ဦး ရှိခဲ့ပါတယ်။

ဒီကနေ့ ဒါရာအာမြို့က သေဆုံးသူတွေရဲ့ ဈာပန အခမ်းအနားတွေမှာ လူတွေ ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပြီး အစိုးရရဲ့ အရေးပေါ် အုပ်ချုပ်ရေး ကြေညာထားတာကို ရုပ်သိမ်းပေးဖို့၊ လျှို့ဝှက် ထောက်လှမ်းရေး အဖွဲ့ကို ဖျက်သိမ်းပေးဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့တွေကို တောင်းဆိုပြီး လမ်းတွေပေါ်မှာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ဒီလ တလထဲမှာတင် ဆီးရီးယားနိုင်ငံမှာ ဖမ်းဆီးခံထားရသူ ၉၃ ဦး ရှိပါတယ်။ ဆီးရီးယားအစိုးရ SANA သတင်းဌာနရဲ့ ကြေညာချက်မှာတော့ မနေ့က ဆေးဝန်ထမ်း အဖွဲ့တဖွဲ့ကို သေနတ်သမားတွေက တိုက်ခိုက်တာကြောင့် ဆေးဝန်ထမ်း ၃ ဦးနဲ့ ရဲအရာရှိတဦး စုစုပေါင်း လူ ၄ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG