သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားခေါင်းဆောင်ပိုင်းကို အာရပ်အဖွဲ့ချုပ်အရေးယူ


ကာတာ ဝန်ကြီးချုပ် Hamad bin Jassim (ယာ) နဲ့ အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် Nabil al-Arabi တို့ ဒိုဟာမြို့ တွင် အာရပ်အဖွဲ့ချုပ်အစည်းအဝေး တက်ရောက်နေစဉ်။ (ဒီဇင်ဘာလ ၃၊ ၂၀၁၁)
ကာတာ ဝန်ကြီးချုပ် Hamad bin Jassim (ယာ) နဲ့ အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် Nabil al-Arabi တို့ ဒိုဟာမြို့ တွင် အာရပ်အဖွဲ့ချုပ်အစည်းအဝေး တက်ရောက်နေစဉ်။ (ဒီဇင်ဘာလ ၃၊ ၂၀၁၁)

ဆီးရီးယားအစိုးရ ထိပ်တန်းပုဂ္ဂိုလ် ၁၉ ဦးရဲ့ ပိုင်ဆိုင်မှုတွေကို အာရပ်နိုင်ငံများအဖွဲ့ချုပ်က မနေ့ကပဲ ထိန်းချုပ်လိုက်ပြီး အာရပ်နိုင်ငံတွေအတွင်း ခရီးသွားခွင့်ကိုလည်း ပိတ်ပင်လိုက်ပါတယ်။ ကာတာနိုင်ငံရဲ့ မြို့တော် ဒိုဟာမှာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲအပြီး အာရပ်နိုင်ငံများအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကာတာ နိုင်ငံခြားရေးဝန်ကြီး ပြောခဲ့တဲ့အထဲမှာ ဆီးရီးယားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူတွေကို စစ်တပ်က နှိမ်နင်းတာတွေရပ်ပါ့မယ် ဆိုတဲ့ သဘောတူလက်မှတ်ရေးထိုးဖို့ ဆီးရီးယားအစိုးရကို ဒီကနေ့အထိ အချိန်ပေးထားမယ်လို့ ဆိုပါတယ်။

မနေ့တုန်းက ဆီးရီးယားနိုင်ငံတဝှမ်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေအတွင်း သေဆုံးသူ ၂၃ ဦးထက်မနည်း ရှိခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ နိုင်ငံရဲ့မြောက်ပိုင်း အဒ် လိဗ် ပြည်နယ်မှာ အစိုးရတပ်ဖွဲ့တွေနဲ့ သူပုန်တပ်ဖွဲ့တွေအကြား အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ မျက်မြင်တွေ့သူတွေ ပြောကြတာကတော့ အခုရက်ပိုင်းတွေအတွင်း အစိုးရတပ်ထဲက စစ်သားတွေ ထပ်ပြီး ပြည်သူတွေဘက် ပူးပေါင်းလာခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆီးရီးယားနိုင်ငံမှာ အစိုးရဆန့်ကျင်သူတွေကို ဖြိုခွဲနှိမ်နင်းတဲ့လုပ်ရပ်တွေနဲ့ ဆက်စပ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စနစ်တကျ ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အပြစ်တင် ရှုတ်ချလိုက်ပြီး နောက်တစ်ရက်မှာပဲ အခုလိုတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး ဌာနကတော့ ကုလသမဂ္ဂရဲ့ ပြောဆိုချက်ကို လက်မခံပါဘူး။

XS
SM
MD
LG