သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမငြိမ်သက်မှု သေဆုံးသူဦးရေ တိုးလာ


ဆီးရီးယားမငြိမ်သက်မှု သေဆုံးသူဦးရေ တိုးလာ
ဆီးရီးယားမငြိမ်သက်မှု သေဆုံးသူဦးရေ တိုးလာ

ဆီးရီးယားတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ မနေ့က သောကြာနေ့ တစ်နေ့တည်းမှာပဲ ဆန္ဒပြသူ ၃၂ ယောက်ထက် မနည်း သေဆုံးခဲ့ရတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။ ဆီးရီးယားအစိုးရက ဆန္ဒပြသူတွေကို နှိပ်ကွပ်နေတာတွေကို အဆုံးသတ်ပါ့မယ်ဆိုတဲ့ ကတိကို လိုက်နာခြင်းမရှိမရှိ စုံစမ်းစစ်ဆေးဖို့အတွက် အာရပ် အကဲဖြတ်အဖွဲ့ မြို့ကြီးတွေကို လှည်လည်လေ့လာနေစဉ်မှာ အခုလို သေဆုံးကြရတာလို့ ဆိုပါတယ်။

ဆီးရီးယားနိုင်ငံတဝှမ်း သမ္မတအာဆဒ် ရာထူးက နုတ်ထွက်ပေးရေးအတွက် တောင်းဆိုနေကြဆဲ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ မျက်မြင်တွေက ပြောပါတယ်။

တချိန်တည်းမှာပဲ ဒမားစကက် နဲ့ ဟုမ်းစ်မြို့ အပါအဝင် မြို့ကြီးတွေမှာ သမ္မတ အာဆဒ်ကို ထောက်ခံသူတွေ ကလည်း တန်ပြန်ဆန္ဒပြပွဲတွေ ဆင်နွှဲနေတာကို နိုင်ငံပိုင် ဆာနာ သတင်းအေဂျင်စီက ဖော်ပြလိုက်ပါတယ်။

အာရပ်အဖွဲ့ချုပ် အကဲဖြတ်အဖွဲ့တစ်ဖွဲ့ဟာ ဟားမားမြို့ကို ရောက်ရှိနေစဉ် ဆေးရုံကို သွားရောက်ပြီး ဒဏ်ရာရသူတွေကို တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG