သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အတိုက်အခံ ရာနဲ့ချီ ဖမ်းဆီးခံရ


ဆီးရီးယား အတိုက်အခံ ရာနဲ့ချီ ဖမ်းဆီးခံရ
ဆီးရီးယား အတိုက်အခံ ရာနဲ့ချီ ဖမ်းဆီးခံရ

ဆီးရီးယားနိုင်ငံမှာ အဏာပိုင်တွေက လူရာပေါင်းများစွာကို ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ သမ္မတ ဘရှား အယ်လ်-အာဆတ် (Bashar al-Assad) ကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းဖို့အတွက် ဆီးရီးယား လုံခြုံရေး တပ်တွေဟာ သံချပ်ကာ ကားတွေနဲ့အတူ ဒါရာမြို့ထဲမှာ လှည့်နေတုန်း ဆန္ဒပြသူ အများစု အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဆီရီးယား လုံခြုံရေး တပ်တွေဟာ အသက် ၁၅ နှစ် အထက်ရှိတဲ့ အမျိုးသားတွေ အားလုံးကို ဖမ်းဆီးခဲ့တယ်လို့ ဒါရာမြို့ခံတွေက ပြောပါတယ်။ ဆီးရီးယား တပ်တွေဟာ စနစ်တကျနဲ့ ဝိုင်းရံပိတ်ဆို့ပြီး ဖမ်းဆီးမှုတွေ လုပ်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ထင်ရှားတဲ့ ရှေ့နေတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကိုလည်း ဒါရာမြို့မှာ ပစ်မှတ်ထား ဖမ်းဆီးတာတွေ လုပ်နေပါတယ်။

အင်အားသစ် ထပ်ဖြည့်ထားတဲ့ တပ်တွေဟာ ဒါရာမြို့ထဲကို တနင်္ဂနွေနေ့က ဝင်လာပြီး အဲဒီမှာ ရှိပြီးသား တပ်တွေနဲ့ ပေါင်းခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒါရာမြို့မှာ လောင်စာ၊ ရေ၊ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးတွေ အတော်လေးကို ဆိုးဆိုးဝါးဝါး ပြတ်တောက်နေတာ အခုဆိုရင် ၆ ရက် ရှိသွားခဲ့ပါပြီ။ အစားအစာတွေလည်း အခု ရှားပါးလာနေတယ်လို့ ပြောပါတယ်။

ပြည်ပ သတင်းမီဒီယာတွေ အားလုံးနီးပါးကို ဆီးရီးယားနိုင်ငံမှာ တားမြစ်ထားတာကြောင့် အဲဒီကနေ ထွက်ပေါ်လာတဲ့ သတင်းတွေကို အတည်ပြုဖို့ မဖြစ်နိုင်သလောက် အခြေအနေ ဖြစ်နေပါတယ်။

XS
SM
MD
LG