သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား လုံခြုံရေးလက်ချက် ဆန္ဒပြသူ ၃၀ မက သေဆုံး


ဆီးရီးယား လုံခြုံရေးလက်ချက် ဆန္ဒပြသူ ၃၀ မက သေဆုံး

ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ် (Bashar al-Assad) အစိုးရကို ဆန့်ကျင် ဆန္ဒပြနေကြသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ် နှိမ်နင်းတဲ့အတွက် မနေ့တုန်းက လူ ၃၀ ထက်မနည်း သေဆုံးသွားပါတယ်။

နိုင်ငံအလယ်ပိုင်းက ဟုမ်စ် (Homs) မြို့မှာ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကလေးတဦး အပါအ၀င် လူ ၁၁ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့သူတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြနေကြတာပါ။

မြောက်ပိုင်းမြို့ တမြို့ဖြစ်တဲ့ မာရက် အယ်လ် နူမန် (Maaret al-Numan) မှာလည်း လူ ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုကြပါတယ်။

ဆိပ်ကမ်းမြို့ဖြစ်တဲ့ လာတာကီယာ (Latakia) ဒမတ်စကတ်မြို့ ဆင်ခြေဖုံးက ဒါရာယာ (Daraya) နဲ့ အလယ်ပိုင်းမြို့ဖြစ်တဲ့ ဟာမာ (Hama) တို့မှာလည်း သေဆုံးမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်နေတာပါ။

မြေထဲပင်လယ် ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဘာနီယာ့စ် (Banias) မှာ ဆန္ဒပြသူတွေကို သတိပေး ပစ်ခတ်မှုတွေလည်း ရှိခဲ့ပါတယ်။

ဆီးရီးယား အာဏာပိုင်တွေက ပြည်ပ သတင်းထောက်တွေကို နိုင်ငံထဲ ၀င်ခွင့်မပြုတဲ့အတွက် ထွက်ပေါ်နေတဲ့ သတင်းတွေကို သီးခြား အတည်ပြုလို့ မရဘဲ ဖြစ်နေတာပါ။

သမ္မတ အာဆတ် ထွက်ပေးပြီး ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ တောင်းဆို ဆန္ဒပြကြတဲ့ မတ်လလယ်ကစလို့ သေဆုံးသူ အရပ်သားပေါင်းဟာ ၈၅၀ ကျော်သွားပြီလို့လည်း ဆီးရီးယား လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အစိုးရရဲ့ နှိမ်နင်းမှုတွေ တစိတ်တပိုင်းအဖြစ် လူပေါင်း ၇,၀၀၀ ထက် မနည်းကိုလည်း ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG