သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အစိုးရ နှိပ်ကွပ်မှုဘေး မြို့ခံတွေ စိုးရိမ်


ဆီးရီးယား အစိုးရ နှိပ်ကွပ်မှုဘေး မြို့ခံတွေ စိုးရိမ်
ဆီးရီးယား အစိုးရ နှိပ်ကွပ်မှုဘေး မြို့ခံတွေ စိုးရိမ်

ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့ဝင် ၁၂၀ သေဆုံးခဲ့ရတာကို အင်အားအပြည့်နဲ့ တုံ့ပြန်မယ်လို့ အစိုးရက သတိပေးလိုက်ပြီးနောက် တူရကီနယ်စပ် အနီးမှာရှိတဲ့ ဂျီအာ အယ်လ် ရှူဂါ (Jir al-Shughour) မြို့က မြို့ခံတွေ အကြမ်းဖက် ဖိနှိပ်မှုနဲ့ ရင်ဆိုင်ရဖို့ အလားအလာ ရှိနေပါတယ်။

ဂျီအာ အယ်လ် ရှူဂါမြို့မှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပြီး လက်နက်ကိုင် ဂိုဏ်းတွေရဲ့ လက်ချက်နဲ့ တရားဥပဒေ စိုးမိုးရေး အရာရှိ ၁၂၀ သေဆုံးခဲ့ရတယ်လို့ အစိုးရက မနေ့က ပြောဆိုလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံမှာ နိုင်ငံခြား သတင်းထောက်တွေ သတင်းရယူခွင့် မရှိတာကြောင့် ဒီဖြစ်ရပ် မှန်မမှန် အတည်ပြုလို့တော့ မရပါဘူး။

ဆီးရီးယား အတိုက်အခံတွေကတော့ သေဆုံးသူဦးရေနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ရှိတဲ့အကြောင်း၊ ဒီလို သတင်းဝါဒဖြန့်ပြီး အစိုးရက ဆန္ဒပြသူတွေကို ပိုပြီး နှိပ်ကွပ်ဖို့ အကြောင်းပြချက်ရှိအောင် လုပ်နေတာလို့ ပြောဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်မှုမျိုးကိုမဆို တရားဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဆီးရီးယား ပြည်ထဲရေးဝန်ကြီး အီဘရာဟင်မ် အယ်လ်ရှား (Ibrahim al-Shaar) က ပြောဆိုထားပါတယ်။

XS
SM
MD
LG