သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား နိုင်ငံရေးပါတီတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပြုလိုက်ပြီ


ဆီးရီးယား နိုင်ငံရေးပါတီတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပြုလိုက်ပြီ
ဆီးရီးယား နိုင်ငံရေးပါတီတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပြုလိုက်ပြီ

ဆီးရီးယားနိုင်ငံမှာ အရပ်သားတွေကို နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ပေးတယ် ဆိုပြီးတော့ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်တခုကို သမ္မတ ဘာရှား အယ်လ် အာဆတ် (Bashar al-Assad) က ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံမှာ အစိုးရဆန့်ကျင်သူတွေကို ဆက်ပြီး နှိမ်နင်းမှုတွေ တိုးမြှင့်ပြုလုပ်နေလို့ သေဆုံးသူဦးရေ ပိုများလာတဲ့ကြားက သမ္မတရဲ့ ဒီအမိန့် ထွက်လာတာ ဖြစ်ပါတယ်။ သမ္မတရဲ့ အမိန့်ထုတ်ပြန်ချက်အရ နိုင်ငံသားတွေဟာ နိုင်ငံရေးပါတီ ဖွဲ့ခွင့်ရှိတယ်၊ ပါတီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရှိတယ်၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ ကိုက်ညီရမယ်လို့ အစိုးရရဲ့ SANA သတင်းဌာနက ကြေညာပါတယ်။

အဲဒီ စည်းမျဉ်းစည်းကမ်းတွေ ဆိုတာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို သေချာ လိုက်နာရပြီး ဘာသာရေးအရ ဒါမှမဟုတ် လူမျိုးစု အစွဲတွေကို အခြေခံလို့ ပါတီဖွဲ့စည်းလို့ မရဘူး ဆိုတာတွေ ပါဝင်ပါတယ်။

နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေကို တောင်းဆိုနေကြတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ သမ္မတ အာဆတ်က ပြန်ပေါင်းထုပ်ဖို့ အရိပ်ပြတဲ့ အနေနဲ့ အစိုးရက ဇူလိုင်လကပဲ နိုင်ငံရေးပါတီဖွဲ့ခွင့် ဥပဒေမူကြမ်းကို အတည်ပြုပေးခဲ့တာပါ။

ဆီးရီးယားနိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေကို အစိုးရက ဆက်လက် နှိမ်နင်းနေတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရှုတ်ချပြီး နောက်တရက်မှာပဲ ဒီအမိန့် ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူး ညနေမှာတော့ ဆန္ဒပြသူ အနည်းဆုံး ၆ ဦးမက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ သေဆုံးသွားတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဒမတ်စ်ကတ် (Damascus) မြို့တော်နဲ့ နိုင်ငံ အလယ်ပိုင်းက ပါလ်မိုင်ရာ (Palmyra) မြို့တွေမှာ သမ္မတ ဘာရှား အယ်လ် အာဆတ်ကို ဆန့်ကျင် ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောနေကြပါတယ်။

XS
SM
MD
LG