သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရပ်နိုင်ငံတချို့ ဆီးရီးယားက သံအမတ်တွေ ပြန်ခေါ်


အာရပ်နိုင်ငံတချို့ ဆီးရီးယားက သံအမတ်တွေ ပြန်ခေါ်
အာရပ်နိုင်ငံတချို့ ဆီးရီးယားက သံအမတ်တွေ ပြန်ခေါ်

ဆီးရီးယားနိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အစိုးရက အကြမ်းဖက် နှိမ်နင်းနေတာတွေ ရပ်တန့်ဖို့ အိမ်နီးချင်း အာရပ်နိုင်ငံတွေကပါ ဖိအားပေး လုပ်ဆောင်လာတဲ့အတွက် ကာကွယ်ရေးဝန်ကြီးကို သမ္မတ ဘာရှား အယ်လ် အာဆတ် (Bashar al-Assad) က အစားထိုး ခန့်အပ်လိုက်တဲ့အကြောင်း ဆီးရီးယား သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဆီးရီးယား ပူးတွဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒါဝုဒ် ရပ်ချ်ဟာ (Dawoud Rajha) ကို ကာကွယ်ရေးဝန်ကြီးအဖြစ် တနင်္လာနေ့က ခန့်အပ်လိုက်တာပါ။ ကျန်းမာရေး ချို့ယွင်းနေတယ်လို့ ဆီးရီးယား မီဒီယာတွေမှာ ရေးသား ဖော်ပြထားတဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး အလီ ဘာဘစ်ဘ် (Ali Babib) နေရာမှာ အစားထိုး ခန့်အပ်လိုက်တာပါ။

သမ္မတ အာဆတ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားတဲ့ မတ်လကစလို့ ဒါဟာ ဆီးရီးယား အစိုးရအတွင်း အကြီးမားဆုံး ပြောင်းလဲမှု ဖြစ်ပါတယ်။

ဆီးရီးယား အစိုးရက ဆန္ဒပြသူတွေကို တပ်အင်အားသုံး ဖြိုခွင်းနေတာကြောင့် ဆော်ဒီအာရေးဗီးယားက ဆီးရီးယားနိုင်ငံဆိုင်ရာ သံအမတ်ကို ပြန်ခေါ်ခဲ့တဲ့နည်းတူ ဘာရိန်းနဲ့ ကူဝိတ်တို့ကလည်း သူတို့သံအမတ်တွေကို ပြန်ခေါ်မယ့်အကြောင်း တနင်္လာနေ့က ပြောပါတယ်။

သူ့အဆိုအရ လူသတ်သမားလို့ဆိုတဲ့ သမ္မတ အာဆတ် အနေနဲ့ သတ်ဖြတ်မှုကို ရပ်တန့်ဖို့ ဆော်ဒီဘုရင် အဗ္ဗဒူလာ (Abdullah) က တောင်းဆိုလိုက်ပြီး ဆီးရီးယားနိုင်ငံဆိုင်ရာ သံအမတ်ကို ပြန်ခေါ်မယ့်အကြောင်း တနင်္လာနေ့မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG