သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး တင်းမာနေဆဲ

ဆီးရီးယားအရေး တင်းမာနေဆဲ
ဆီးရီးယားအရေး တင်းမာနေဆဲ

မငြိမ်မသက် ဖြစ်နေတဲ့ ဆီးရီးယား အနောက်မြောက်ပိုင်းက မြို့တွေကို လုံခြုံရေး တပ်တွေက ဝင်ရောက်စီးနင်းရာမှာ အနည်းဆုံး အရပ်သား ၁၂ ယောက် သေဆုံးသွားခဲ့ကြပါတယ်။

ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံရသူတွေ ဆေးဝါးကုသမှု ရရှိရေးအတွက် တွန်းအားပေးဖို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ရဲ့ အကြီးအကဲက ဒမတ်စကတ်စ် (Damascus) မြို့ကို လာရောက်နေတဲ့အချိန်မှာ အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ပိုင်း အစ်ဒ်လစ်ဘ် (Idlib) ပြည်နယ်မှာ ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို တပ်က ချေမှုန်းတဲ့အတွက် လူ ၈ ယောက် သေဆုံးသွားပြီး အလယ်ပိုင်းက ဟားမား (Hama) မြို့နားမှာလည်း လူ ၄ ယောက် သေဆုံးသွားကြတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောကြပါတယ်။

ဟားမားမြို့ရဲ့ ရှေ့နေချုပ်က ဆန္ဒပြသူတွေနဲ့ အရင်အပတ်က ပူးပေါင်းသွားခဲ့ပြီးတဲ့နောက် အစိုးရက ပိုပြီး ချေမှုန်းလာတာကို ဒေသ ၂ ခုလုံးမှာ တွေ့ကြရတာပါ။ အစိုးရတပ်တွေက ဟားမားမြို့ ရှေ့နေချုပ် အတ်ဒ်နန် ဘက်ကော (Adnan Bakkour) ကို ရှာဖွေနေကြပါတယ်။

ဒီအချိန်မှာပဲ ICRC ဥက္ကဋ္ဌ ဂျက်ကော့ဘ် ကယ်လန်ဘာဂျာ (Jakob Kellenberger) ဟာ နိုင်ငံခြားရေးဝန်ကြီး ဝါလစ် အယ်လ် မောလမ် (Walid al-Moallem) နဲ့ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပြီး တနင်္လာနေ့မှာတော့ သမ္မတ ဘာရှား အယ်လ် အာဆာ့ဒ် (Bashar al-Assad) နဲ့ တွေ့ဖို့ရှိပါတယ်။

စောစောပိုင်း သတင်းမှာတော့ အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် နာဘေလ် အီလာရာဘီ (Nabil Elaraby) ဆီးရီးယားနိုင်ငံ လာရောက်မှာကို ဆီးရီးယားက သဘောတူလိုက်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အာရပ်ကမ္ဘာက စိုးရိမ်မကင်း ဖြစ်နေတာတွေကို သူက ပြောဖို့ရှိပြီး ဆီးရီးယား ခေါင်းဆောင်တွေ ပြောတာကိုလည်း နားထောင်မယ်လို့ သူက ပြောပါတယ်။

This item is part of
XS
SM
MD
LG