သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဆီးရီးယား Afrin မြို့ကို တူရကီနဲ့ မဟာမိတ်တပ်တွေ ၀င်တိုက်


Afrin မြို့

ဆီးရီးယား နိုင်ငံ Afrin မြို့လယ်ကို တူရကီ တပ်ဖွဲ့တွေနဲ့ မဟာမိတ် ဆီးရီးယား လက်နက်ကိုင်တပ်တွေက အပြည့်အ၀ ထိန်းချုပ်ထားပြီး မြို့မှာ တူရကီ အလံကို လွှင့်ထူထားပြီလို့ တူရကီ သမ္မတ Recep Tayyip Erdogan က ပြောဆိုလိုက်ပါတယ်။

YPG ကာဒ်လူမျိုးစု တိုက်ခိုက်ရေး အဖွဲ့တွေ ဆုတ်ခွာသွားပြီ ဖြစ်တဲ့ Afrin မြို့ထဲကို ဒီကနေ့ တနင်္ဂနွေနေ့ မနက် လင်းအားကြီး အချိန်မှာ ၀င်ရောက်ခဲ့ကြောင်း တူရကီ ထောက်ပံ့ထားတဲ့ ဆီးရီးယား သူပုန် တိုက်ခိုက်ရေးသမားတွေရဲ့ ပြောခွင့်ရ အစောပိုင်းမှာ ပြောဆိုချက်ကို Reuters သတင်းက ဖော်ပြပါတယ်။ Afrin မြို့ကနေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစလို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ ၁ သိန်းခွဲကျော်ရှိနေပြီလို့ မနေ့ စနေနေ့က ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

တူရကီ စစ်လေယာဉ်တွေ၊ နောက် လက်နက်ကြီးတွေနဲ့ Afrin မြို့ကို ညလုံးပေါက် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ တချိန်တည်းမှာဘဲ ဆီးရီးယား နိုင်ငံ မြို့တော် Damascus အနီး Ghouta အရှေ့ပိုင်း ဒေသကနေ ဒီကနေ့ လူပေါင်း ၂ သောင်းလောက် ထွက်ပြေးခဲ့ကြကြောင်း ရုရှား မီဒီယာကနေ ဖော်ပြပါတယ်။ ဆီးရီးယား နိုင်ငံ Ghouta အရှေ့ပိုင်း ဒေသနဲ့ Afrin မြို့တို့ကနေ ပြည်သူတွေ အစုလိုက် အပြုံလိုက် ထွက်ပြေးရမှု အပေါ် အလွန်ဘဲ စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြီးခဲ့တဲ့ သောကြာနေ့မှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG