သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားအတွက် ကုလကူညီရေးယာဉ်တန်းမာျး အသင့်ရှိ


ဆီးရီးယား နိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့နဲ့ အကူအညီ လိုအပ်နေသူတွေ ရှိရာ တခြား ဒေသတွေကိုပါ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ယာဉ်တန်းတွေ အချိန်မရွေးထွက်ခွာနိုင်တဲ့ အဆင်သင့် အခြေအနေမှာ ရှိနေပေမယ့် ဆီးရီးယား အစိုးရထံက ခွင့်ပြုချက် မရမချင်း ထွက်ခွာနိုင်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ အရာရှိတွေက ပြောဆိုလိုက်ပါတယ်။

အလက်ပိုမြို့ကိုတော့ သောကြာနေ့လောက်မှာ အကူအညီတွေ ပို့ဆောင်ပေးနိုင်ဖို့ မျှော်လင့်ထားတဲ့ အကြောင်း ကုလ အထူးကိုယ်စားလှယ် Jan Egeland က ဂျီနီဗာ မြို့တော်မှာ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။ တိုက်ပွဲတွေ၊ စစ်ကြောင့် ပျက်ဆီးနေတဲ့ ဒေသတွေက အမျိုးသမီးတွေ၊ ကလေးတွေ၊ ဒဏ်ရာရထားတဲ့ အရပ်သားတွေဆီကို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးမယ့်သူတွေ အရောက်သွားနိုင်ဖို့ အတွက် စားဖို့ သောက်ဖို့ မပူမပန်နဲ့ နေထိုင်နေရတဲ့ ရင့်ကျက်သူ အမျိုးသားကြီးတွေ အနေနဲ့ နိုင်ငံရေး၊ အစိုးရရဲ့ ဗျူရိုကရေစီစနစ်၊ လုပ်ထုံးလုပ်နည်း အတားအဆီးတွေကို ကျေးဇူးပြုပြီး ရပ်တန့်ပေးကြပါလို့ ကုလ အထူးကိုယ်စားလှယ်က ပြောဆိုသွားတာပါ။

အမေရိကန်နဲ့ ရုရှားတို့ ကြားဝင် ညှိနှိုင်းပေးတဲ့ ဆီးရီးယား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာ အခုလို အထောက်အပံ့တွေ ပို့ဆောင်ရေးလည်း တစိတ်တပိုင်း ပါဝင်တာ ဖြစ်ပါတယ်။

အပစ်အခတ် ရပ်စဲရေးကတော့ ပြီးခဲ့တဲ့ တနလာၤနေ့က စလို့ အသက်ဝင်တာ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေးကတော့ ဒေသ အများစုမှာ အသက်ဝင်နေတယ်လို့လည်း ကုလ အထူးကိုယ်စားလှယ် မစ္စတာ Egeland က ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG