သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းတိုက်ခို်က်မှု ဆီရီယားမှာ လူ ၄၀ ထက်မနည်းသေဆုံး


ဆီးရီးယားနိုင်ငံမှာ အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၀ ထက်မနည်း သေဆုံးသွားတယ်လို့ ဆီးရီးယားသတင်းမီဒီယားတွေ နဲ့ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖဲ့ွ့က ပြောပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုက အီရတ်နိုင်ငံနယ်စပ်နဲ့ထိစပ်နေတဲ့ ဆီးရီးယားနိုင်ငံအရှေ့ပိုင်း Deir el-Zor ဒေသ Hajin မြို့နားက Abu Husn ရွာနားမှာဖြစ်ခဲ့တာပါ။ အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး အတည်မပြုသေးပါဘူး။ အမေရိကန် ဗိုလ်ချုပ် Christopher Ghika ကတော့ ဒီတိုက်ပွဲဟာ ထင်ထားသလိုပဲ ခက်ခဲတယ်ဆိုပြီး အေပီသတင်းဌာနကို ပြောပါတယ်။

ဒီတိုက်ပွဲကိုလွယ်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ကြောင်း၊ ဒီလူတွေဟာ အပြင်းအထန်ခုခံပြီး တိုက်ဖို့အလွန်ခက်တဲ့သူတွေဖြစ်သလို၊ သူတို့မှာ ပြင်ဆင်ချိန်လည်း အများကြီးရတယ်လို့ အမေရိကန်ဗိုလ်ချုပ်က ပြောပါတယ်။

ရာသီဥတုဆိုးရွားပြီး ၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တိပ်ထူထပ်နေတာကြောင့်၊ စစ်သွေးကြွတွေအနေနဲ့ သူတို့ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်ရအောင်တိုက်ဖို့အတွက် အချိန်ရသွားပြီး၊ မြေပြင်တိုက်ပွဲတွေ တိုက်ဖို့ ပိုခက်သွားစေတယ်လို့ ပဲရစ်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် Khattar Abou Diab က ပြောပါတယ်။

ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Rami Abdel Rahman ကတော့ ညွှန့်ပေါင်းတပ်ဖွဲ့တွေ ဒီဒေသကို ပြီးခဲ့တဲ့စက်တင်ဘာလက စတင်တိုက်ခိုက်ချိန်ကစပြီး ဒီတိုက်ခိုက်မှုဟာ လူအသေအပျောက်အများဆုံးဖြစ်တယ်လို့ ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုှုကြောင့် IS စစ်သွေးကြွ ၃၀ ကျော်သေဆုံးသွားပြီး၊ သူတို့ရဲ့ မိသားစုဝင်တွေ နဲ့ အရပ်သားတချို့လည်း ပါဝင်တယ်လို့ ပြောပါတယ်။

လေကြောင်းတိုက်ခို်က်မှု ဆီရီယားမှာ လူ ၄၀ ထက်မနည်းသေဆုံး
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG