ဆီးရီးယားနိုင်ငံမှာ သမ္မတဘာရှားအယ်အာဆဒ် အာဏာကိုင်ထားသရွေ့ ဆီးရီးယားပဋိပက္ခကို ငြိမ်းချမ်းစွာအဖြေရှာလို့ ရနိုင်မှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောလိုက်ပါတယ်။
မစ္စတာအာဆတ်ဒ်အနေနဲ့ လာမယ့်နှစ် ဆီးရီးယား ရွေးကောက်ပွဲမှာ ထပ်ဝင်ဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ သတင်းအပေါ်မှာ သတင်းထောက်ကို နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီက အခုလို တုံ့ပြန်ပြောခဲ့တာပါ။
မစ္စတာကယ်ရီဟာ မနေ့တုန်းက ကာတာနိုင်ငံခြားရေးဝန်ကြီး Khalid al-Attiyah နဲ့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား Saud al-Faisal တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ ပါတယ်။ မစ္စတာကယ်ရီဟာ လန်ဒန်ကို ထွက်ခွာသွားပါပြီ။ အင်္ဂါနေ့မှာတော့ ဆီးရီးယားမိတ်ဆွေနိုင်ငံအဖွဲ့က အဓိက မဟာမိတ်နိုင်ငံတွေနဲ့ တွေ့ဖို့ရှိသလို ဆီးရီးယားအတိုက်အခံတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။
ဆီးရီးယားပဋိပက္ခနဲ့ပတ်သက်လို့ ဆီးရီးယား အစိုးရနဲ့ အတိုက်အခံအကြား နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာနိုင်ဖို့ နိုင်ငံတကာညီလာခံတရပ် ခေါ်ယူကျင်းပနိုင်ရေး နိုင်ငံတကာက ကြိုးပမ်းမှုတွေအနေနဲ့ အခုလို ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။