ဆီးရီးယားအစိုးရဟာ အလက်ပိုမြို့မြောက်ပိုင်း သူပုန်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နေရာတွေကို လေကြောင်းကနေ ရေနံစိမ်းထည့်ထားတဲ့ ပေါက်ကွဲစေတဲ့ဗုံးတွေ ပစ်ချတိုက်ခိုက်တာကို တနင်္ဂနွေနေ့က ဆက်လုပ်ခဲ့တာကြောင့် အနည်းဆုံး လူ (၃၆) ယောက် သေဆုံးခဲ့တဲ့အကြောင်း ဆီးရီးယားအရေး စောင့်ကြည့်နေတဲ့ အဖွဲ့တစ်ခုက ပြောပါတယ်။
အဲဒီအရပ်မှာပဲ စနေနေ့ကလည်း အရပ်သား (၉၀) နီးပါး သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။ တနင်္ဂနွေနေ့က သေဆုံးသူတွေထဲမှာ (၁၃) ယောက်က ကလေးသူငယ်တွေ ဖြစ်တဲ့အကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
နှစ်ဘက်ပိုင်းခြားခံထားရတဲ့ ဒီမြို့က အတိုက်အခံတွေ ထိန်းချုပ်ရာ ရပ်ကွက် (၁၅) ခုထက်မနည်းကို အစိုးရရဟတ်ယာဉ်တွေနဲ့ စစ်လေယာဉ်တွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အကြောင်းလည်း သူတို့က ပြောပါတယ်။
အလက်ပိုမြို့အရှေ့တောင်ဘက် သူပုန်အဖွဲ့တွေ ထိန်းချုပ်ရာ နေရာတွေကို သမ္မတဘက်ရှာအယ်လ် အာဆဒ်ရဲ့ သစ္စာခံတပ်ဖွဲ့တွေက တဖြည်းဖြည်း ပြန်လည်အသာစီး ယူလာနေတဲ့အချိန်မှာပဲ အခု နောက်ဆုံး ဗုံးကြဲတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။ ၂၀၁၂ ခု၊ နှစ်လယ်ပိုင်းက အတိုက်အခံတွေ မြို့ရဲ့တစိတ်တပိုင်းကို သိမ်းယူခဲ့ချိန်ကစလို့ အစိုးရတပ်ဖွဲ့တွေဘက်က အခုတကြိမ် အသိသာဆုံး အသာစီးပြန်ရလိုက်တာဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောကြပါတယ်။
အစိုးရစစ်တပ် ပြန်လည်သိမ်းယူနိုင်ခဲ့တဲ့အထဲမှာ အနီးအနားတိုက်ခိုက်မှုတွေကြောင့် နှစ်နှစ်နီးပါးပိတ်ထားခဲ့ရပြီး ပြီးခဲ့တဲ့လကမှ ပြန်ဖွင့်နိုင်ခဲ့တဲ့ အလက်ပိုမြို့လေဆိပ်တဝိုက်က နယ်မြေတွေလည်း ပါဝင်ပါတယ်။