သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား Aleppo တက္ကသိုလ်ပေါက်ကွဲမှု အနည်းဆုံး ၅၂ ဦးသေဆုံး


ဆီးရီးယားမြောက်ပိုင်း၊ အာလက်ပိုမြို့က တက္ကသိုလ်အတွင်း ပေါက်ကွဲမှု ၂ ခု ဖြစ်ပွားခဲ့ရာ မြင်ကွင်။
ဆီးရီးယားမြောက်ပိုင်း၊ အာလက်ပိုမြို့က တက္ကသိုလ်အတွင်း ပေါက်ကွဲမှု ၂ ခု ဖြစ်ပွားခဲ့ရာ မြင်ကွင်။
ဆီးရီးယားနိုင်ငံက အကြီးဆုံးမြို့ဖြစ်တဲ့ အလက်ပို (Aleppo) က တက္ကသိုလ်တခုမှာ ပေါက်ကွဲမှု ၂ ခု အင်္ဂါနေ့က ဖြစ်ပွားခဲ့ပြီး လူ ၅၂ ယောက် ထက်မနည်း သေဆုံးခဲ့ကြောင်း တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်သူကမှတော့ သူတို့လက်ချက် ဖြစ်တယ်ဆိုပြီး ကြေညာတာမျိုး မရှိဘူးလို့လည်း ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် အကဲခတ်အဖွဲ့က ဗွီအိုအေကို ပြောဆိုခဲ့သလို သေဆုံးသူ အရေအတွက်လည်း ပိုများမယ်လို့ မျှော်လင့် ရကြောင်း ပြောဆိုခဲ့ပါတယ်။

ဆီးရီးယား အစိုးရပိုင် ရုပ်မြင်သံကြားကတော့ ဒီပေါက်ကွဲမှုဟာ အကြမ်းဖက်သမားတွေ လက်ချက်လို့ပြောခဲ့ပေမဲ့ အသေးစိတ်ကို ပြောဆိုတာမျိုး မရှိသလို ထိခိုက် သေဆုံးသူ အရေအတွက်ကိုလည်း အတိအကျ မပြောခဲ့ပါဘူး။

ပေါက်ကွဲမှု ဖြစ်ရတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသလို - အတိုက်အခံနဲ့ အစိုးရကြားမှာလည်း အပြန်အလှန် အပြစ်ဖို့နေကြတာပါ။ ဆီးရီးယားနိုင်ငံရဲ့ စီးပွားရေးမြို့တော် အလက်ပို (Aleppo) ဟာဆိုရင် ပြီးခဲ့တဲ့နှစ် ဇူလိုင်လကစလို့ အတိုက်အခံ သူပုန်တွေက စစ်ဆင်ရေးတွေ စတင် ဆင်နွှဲလာရာက အကြမ်းဖက် တိုက်ခိုက်မှုတွေ ခံနေရတဲ့ မြို့တမြို့ပါ။ အခုပေါက်ကွဲမှု ဖြစ်ပွားတဲ့ တက္ကသိုလ်ကတော့ အစိုးရထိန်းချုပ်ထားရာ နယ်မြေတွင်းမှာ ရှိနေတာဖြစ်ပါတယ်။
XS
SM
MD
LG