သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရပ်အဖွဲ့ချုပ် တောင်းဆိုချက် ဆီးရီးယားပယ်ချ


အာရပ်အဖွဲ့ချုပ် တောင်းဆိုချက် ဆီးရီးယားပယ်ချ
အာရပ်အဖွဲ့ချုပ် တောင်းဆိုချက် ဆီးရီးယားပယ်ချ

ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ် က ဒုသမ္မတကို အာဏာလွှဲပြောင်းပေးရေး အာရပ်နိုင်ငံများအဖွဲ့ချုပ်ရဲ့ အစီအစဉ်ကို ဆီးရီးယားအစိုးရက ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းတဲ့လုပ်ရပ် ဖြစ်တယ်ဆိုပြီး လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ အာရပ်အဖွဲ့ချုပ်ရဲ့ အဆိုပြုချက်ဟာ ပြောပြောင်တင်းတင်း ဝင်ရောက် စွက်ဖက်တာလို့ အစိုးရ တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး ဆီးရီးယား နိုင်ငံပိုင် ရုပ်သံကနေ ဒီကနေ့ ထုတ်လွှင့်လိုက်ပါတယ်။

ဆီးရီးယားအစိုးရအနေနဲ့ သီတင်းနှစ်ပတ်အတွင်း နိုင်ငံတဝှမ်း အတိုက်အခံတွေနဲ့ ဆွေးနွေးရေးနဲ့ နှစ်လအတွင်း အစိုးရသစ် ဖွဲ့စည်းရေး အာရပ်အဖွဲ့ချုပ် နိုင်ငံခြားရေးဝန်ကြီးတွေက မနေ့က တောင်းဆိုလိုက်တာပါ။ အတိုက်အခံတွေနဲ့ ဆွေးနွေးခြင်းအားဖြင့် လွှတ်တော်နဲ့ သမ္မတ ရွေးကောက်ပွဲတွေအတွက် အစပျိုးတဲ့သဘော သက်ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ကာတာနိုင်ငံခြားရေး ဝန်ကြီး Hamad bin Jassim al-Thaniက အာရပ်အဖွဲ့ချုပ်ရဲ့ အစီအစဉ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ထပ်ဆင့် ထောက်ခံချက်ရအောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသားကြီး Saud al-Faisal က ဆီးရီးယားမှာရှိတဲ့ အာရပ်အကဲခတ်အဖွဲ့ကနေ ဆော်ဒီကိုယ်စားလှယ်အဖွဲ့ကို ရုပ်သိမ်းမယ်လို့ ကြေညာလိုက်ပါတယ်။ ဆီးရီးယားအနေနဲ့ အာရပ်အဖွဲ့ချုပ်ကို ပေးထားတဲ့ကတိတွေကို မလိုက်နာတဲ့အတွက် ကန့်ကွက်တဲ့သဘော ဆော်ဒီအာရေးဘီးယားနိုင်ငံက အခုလို ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG