သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား လေ့လာစောင့်ကြည့်ရေး အာရပ်အဖွဲ့ချုပ် ရပ်ဆိုင်း


ဆီးရီးယား လေ့လာစောင့်ကြည့်ရေး အာရပ်အဖွဲ့ချုပ် ရပ်ဆိုင်း
ဆီးရီးယား လေ့လာစောင့်ကြည့်ရေး အာရပ်အဖွဲ့ချုပ် ရပ်ဆိုင်း

ဆီးရီးယားနိုင်ငံအတွင်း စနေနေ့က အကြမ်းဖက် နှိပ်ကွပ်မှုတွေ တိုးမြှင့် လုပ်ဆောင်လာတဲ့အတွက် အာရပ်အဖွဲ့ချုပ်က သူတို့ရဲ့ အကဲခတ်အဖွဲ့ကို ရပ်ဆိုင်းလိုက်ပါတယ်။ စနေနေ့က တိုင်းပြည်တဝှမ်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် နှိပ်ကွပ်မှုတွေကြောင့် အနည်းဆုံး ၃၆ ယောက် သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အာရပ် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးအပြီးမှာ အခုလို သူတို့ရဲ့ အကဲခတ်အဖွဲ့ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တဲ့အကြောင်း အာရပ်အဖွဲ့ချုပ်ရဲ့အတွင်းရေးမှူးချုပ် Nabil Elaraby က ပြောပါတယ်။ အကြမ်းဖက်မှုတွေ တိုးမြှင့် ဖြစ်ပေါ်ခဲ့တာဟာ ဆီးရီးယား အစိုးရကြောင့်လို့ အတွင်းရေးမှူးချုပ်က ပြစ်တင် ပြောကြားလိုက်ပြီး သေဆုံးသူတွေဟာ အပြစ်မဲ့ ပြည်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

မြို့တော် ဒမတ်စကဒ်နဲ့ တခြား မြို့ကြီးတွေဖြစ်ကြတဲ့ Homs၊ Hama၊ Idlib နဲ့ Deir ez Zor စတဲ့ ဒေသတွေမှာ အစိုးရဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ တိုးမြှင့် ပြုလုပ်လာတာကြောင့် အာရပ်အဖွဲ့ချုပ်က သူတို့ရဲ့ အကဲခတ် လုပ်ငန်းတွေကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အစိုးရနဲ့ အတိုက်အခံတွေအကြား ရေနံပိုက်လိုင်း ပေါက်ကွဲမှုအပေါ် အပြန်အလှန် အပြစ်ပုံချနေတဲ့ တချိန်တည်းမှာပဲ အစိုးရတင့်ကားတွေက အနည်းဆုံး မြို့ ၆ မြို့လောက်ကို အမြောက်တွေနဲ့ ပစ်ခတ်နေတဲ့ပုံတွေကို အတိုက်အခံတွေဘက်က ဗွီဒီယိုနဲ့ ပြသခဲ့ပါတယ်။

တိုင်းပြည်အတွင်းက ခွဲထွက်လိုတဲ့ အကြမ်းဖက်သမားတွေ မရှင်းသွားမချင်း အကြမ်းဖက် နှိပ်ကွပ်မှုတွေ ဆက်လက် ပြုလုပ်သွားမယ်လို့ ဆီးရီးယား ပြည်ထဲရေးဝန်ကြီး Mohammaed al-Shaar က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။ အာရပ်အဖွဲ့ချုပ်က သံအမတ်တွေ နောက်တပတ် စနေနေ့မှာ တွေ့ဆုံပြီး သူတို့အဖွဲ့အနေနဲ့ ရှေ့ ဘာဆက်လုပ်သင့်တယ် ဆိုတာကို ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG