သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးယူပိတ်ဆို့မှု ဆီးရီးယားထပ်ကြုံဖွယ်ရှိ


အရေးယူပိတ်ဆို့မှု ဆီးရီးယားထပ်ကြုံဖွယ်ရှိ
အရေးယူပိတ်ဆို့မှု ဆီးရီးယားထပ်ကြုံဖွယ်ရှိ

ဆန္ဒပြနေကြသူတွေအပေါ် စစ်တပ်က ချေမှုန်းနေတာတွေ အဆုံးသတ်သွားအောင် အကဲခတ်ကြည့်ရှုမယ့် ပုဂ္ဂိုလ်တွေကို ဆီးရီးယားနိုင်ငံထဲ ဝင်ရောက်ကြည့်ရှုခွင့်ပြုဖို့ အာရပ်နိုင်ငံများ အဖွဲ့ချုပ်ရဲ့ တောင်းဆို ထားတာကို လျစ်လျူပြုလိုက်တဲ့အတွက် ဆီးရီးယားနိုင်ငံဟာ ပိတ်ဆို့အရေးယူမှု အသစ်တွေကို ခံရနိုင်စရာ ရှိနေပါတယ်။ အဲဒီလို အစိုးရက ချေမှုန်းခဲ့တဲ့အတွက် အနည်းဆုံး လူ ၄,၀၀၀ လောက် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

ဆီးရီးယားနိုင်ငံအနေနဲ့ သဘောတူညီချက်တရပ်ကို မပေးနိုင်ဘူးဆိုရင် ဆီးရီးယား အကျပ်အတည်းကို ပြင်ပကနေ ဝင်ရောက် ဖြေရှင်းရတာအထိ ဖြစ်သွားနိုင်တယ်လို့ အာရပ် အဖွဲ့ချုပ် အကြီးတန်း တာဝန်ရှိသူတွေက ပြောကြပါတယ်။

တနင်္ဂနွေနေ့က နောက်ဆုံး နှိမ်နင်းမှုမှာ ကလေး ၃ ယောက်နဲ့ သူတို့ရဲ့ အဖေတစ်ယောက် အပါအဝင် အနည်းဆုံး အရပ်သား ၉ ယောက် သေဆုံးခဲ့ကြတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

Idlib ပြည်နယ်မှာ ရဲထောက်လှမ်းရေး တစ်ဒါဇင်လောက်ဟာ ဆန္ဒပြသူတွေဘက်ကို ကူးလာကြတယ်လို့ တက်ကြွလှုပ်ရှားသူတွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဆိုပါတယ်။

ဆီးရီးယားနိုင်ငံအတွင်းမှာ ဘာသာရေး ဂိုဏ်းဂဏတွေ ပိုပြီး ကွဲသထက် ကွဲလာတာဟာ ဆီးရီးယား သမ္မတ ဘက်ရှာ အယ်လ်-အာဆဒ် (Bashar al-Assad) မှာ တာဝန်ရှိတယ်လို့ တနင်္ဂနွေနေ့မှာပဲ အမေရိကန် အကြီးတန်း အရာရှိတစ်ယောက်က ပြောလိုက်ပါတယ်။ မစ္စတာ အာဆဒ်ဟာ လူနည်းစု Alawite အုပ်စုကို တခြား အုပ်စုတွေနဲ့ သွေးထွက်သံယို ပဋိပက္ခဖြစ်အောင် တွန်းပို့ခဲ့တယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Jeffrey Feltman က စွပ်စွဲလိုက်တာပါ။ ဒါ့အပြင် ဆီးရီးယားက ခုလိုဖိနှိပ်ရာမှာ အီရန်က တက်တက်ကြွကြွ ထောက်ခံနေတယ်လို့လည်း ဂျော်ဒန်နိုင်ငံ အာမင်န်မြို့ သူက ပြောပါတယ်။

XS
SM
MD
LG