သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားပြည်သူအချို့ တူရကီနိုင်ငံဘက် ထွက်ပြေး


ဆီးရီးယားနိုင်ငံ၊ အာဇတ်စ်မြို့မှာ ပေါင်မုန့်ရဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ ပြည်သူများ။ (သြဂတ် ၁၅၊ ၂၀၁၂။)
ဆီးရီးယားနိုင်ငံ၊ အာဇတ်စ်မြို့မှာ ပေါင်မုန့်ရဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ ပြည်သူများ။ (သြဂတ် ၁၅၊ ၂၀၁၂။)
သြဂုတ်လ ၁၄ ရက်နေ့က အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းက အာဇတ်စ် မြို့ပေါ်ကို ဆီးရီးယား လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် ရာပေါင်းများစွာသော မြို့သူမြို့ သားတွေဟာ မနေ့ကလည်း အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အာဇတ်စ်မြို့မှာ လူ ၅၀ ကျော် သေဆုံးခဲ့ပြီး အနည်းဆုံး ၂၅ ယောက် လောက် ပျောက်ဆုံးနေပါတယ်။ ဆီးရီးယားနိုင်ငံကို စေလွှတ်ထား တဲ့ စောင့်ကြည့်လေ့ လာရေးအဖွဲ့ရဲ့ လုပ်ငန်းတွေကို လာမယ့် တနင်္ဂနွေနေ့မှာ အဆုံးသတ်လိုက်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ခွင့်ပြုလိုက်ပါတယ်။

ဒါပေမဲ့ ဆီးရီးယားနိုင်ငံထဲမှာ ကုလသမဂ္ဂရဲ့ နိုင်ငံရေးဆိုင်ရာ ရုံးတစ်ရုံးဖွင့်လှစ်နိုင်ဖို့ကိုတော့ လုံခြုံရေးကောင်စီ က မျှော်လင့်နေဆဲ ဖြစ်ပါတယ်။ လက်ရှိ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို သက်တမ်းတိုးပြီး ထားရှိရေး ဖြစ်နိုင် ခြေ မရှိဘူးလို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူညီခဲ့ကြတယ်လို့ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ကုလသမဂ္ဂရဲ့ ပြင်သစ် သံအမတ်ကြီးက ပြောပါတယ်။

ဆီးရီးယားနိုင်ငံတဝှမ်းက အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၂ သန်း၊ ၅ သိန်းလောက်ဟာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
XS
SM
MD
LG