သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား တိုက်ခိုက်မှု လူ၈ဦး ထက်မနည်း သေဆုံး


ဂျွန်လ ၁၁ရက်နေ့က ပျက်စီးနေသော ဒမတ်စကတ်မြို့ ရပ်ကွက်တွင် ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ပျက်စီးမှုများကို ဒေသခံများ ကြည့်ရှုနေစဉ်။ (SANA via AP)
ဂျွန်လ ၁၁ရက်နေ့က ပျက်စီးနေသော ဒမတ်စကတ်မြို့ ရပ်ကွက်တွင် ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ပျက်စီးမှုများကို ဒေသခံများ ကြည့်ရှုနေစဉ်။ (SANA via AP)

ဆီးရီးယားနိုင်ငံ မြို့တော် ရဲ့ ဆင်ခြေဖုံးအရပ်က ရှီဟိုက် မူစလင်တွေ ရဲ့ ဘာသာရေး အထွတ်အမြတ် ဗိမာန်မှာ ဗုံး၂ လုံးပေါက်ကွဲခဲ့တာကြောင့် လူ၈ ဦးထက် မနည်း သေဆုံးပြီး လူအတော်များများ ဒဏ်ရာ ရသွားပါတယ်။

Damascus မြို့ တောင်ဘက်ပိုင်းက Sayyida Zeinab ဗိမာန် အဝင်ဝမှာ အသေခံ ဗုံးခွဲခဲ့တာဖြစ်တယ်လို့ ဆီးရီးယား အစိုးရပိုင် သတင်းဌာနကပြောပါတယ်။

ကမ္ဘာ တဝှမ်းလုံးက ရှိဟိုက်မူစလင်တွေအတွက် သိပ်ကိုအရေးပါလှတဲ့၊ အစောင့်တွေ တင်းတင်းကြပ်ကြပ် ချထားတဲ့ ဂူဗိမာန်အနီး ကားဗုံးတလုံး ပေါက်ကွဲ အပြီးမှာပဲ ဗိမာန် ဝင်ပေါက်မှာ အသေခံဗုံးခွဲခဲ့တာပါ။

သေဆုံးသူ အရေအတွက်ဟာ ဆီးရီးယား အစိုးရ ပြောတာထက် များပြီး သေဆုံးသူ စုစုပေါင်း ၁၂ ဦးထက် မနည်းရှိသလို ဒဏ်ရာရသူ ဒါဇင်နဲ့ချီ ရှိတယ်လို့ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ လေ့လာစောင့်ကြည့်ရေး အဖွဲ့ က ပြောပါတယ်။

ဒီတိုက်ခိုက်မှု အတွက် ဘယ်သူကမှ သူတို့ လက်ချက်ဖြစ်ကြောင်း ချက်ချင်း ထုတ်ပြောတာ မရှိသေးပါဘူး။ ဒီဒေသတွင်း အရင်ကဖြစ်ပွါးတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေကိုတော့ သူတို့လက်ချက် ဖြစ်ကြောင်း IS အစွန်းရောက် သမားတွေက မကြာခဏ ပြောဆိုခဲ့ဖူးပါတယ်။

ဆီးရီးယား တိုက်ခိုက်မှု လူ၈ဦးထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG