သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား မြို့တော်တွင်း ဗုံးကွဲမှု လူ ၅၀ ထက် မနည်း သေဆုံး


ဆီးရီးယားက အဆိုးဝါးဆုံး ကားဗုံးပေါက်ကွဲမှုထဲက တစ်ခု (ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃)
ဆီးရီးယားက အဆိုးဝါးဆုံး ကားဗုံးပေါက်ကွဲမှုထဲက တစ်ခု (ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃)
ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့လည်မှာ ရှိတဲ့ အာဏာရ Baath ပါတီ ဌာနချုပ်အနီးမှာ၊ ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ကြောင့်မို့လို့ လူငါးဆယ်သုံးဦးထက်မနည်းသေဆုံးသွားပြီးတော့ လူပေါင်း ၂၀၀ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ ဆီးရီးယား ပြည်တွင်းစစ် နှစ်နှစ်ကာလအတွင်းမှာ အသေအပျောက်အများဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ လူနေထူထပ်တဲ့ al-Mazraa အရပ်နားမှာဖြစ်တဲ့ အဲ့ဒီ့တိုက်ခိုက်မှုဟာ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုတွေဖြစ်တယ်ဆိုပြီးတော့ ဆီးရီးယား ရုပ်သံဌာနတွေမှာ လွှင့်ထုတ်ပါတယ်။ အစိုးရရုပ်သံရဲ့ လွှင့်ထုတ်ချက်မှာတော့ လမ်းမတွေပေါ်မှာ သွေးတွေနဲ့ အလောင်းတွေ ပြန့်ကျဲနေပုံတွေကို မြင်ရပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်သလဲဆိုတာတော့ မသိရသေးသလိုပဲ ဘယ်သူကမှလည်း သူတို့လုပ်တာလို့ မပြောသေးပါဘူး။ ဒမတ်စကပ်မြို့မှာ အခုတလော ဗုံးခွဲတိုက်ခိုက်မှုတွေ အခုတလော ဆက်တိုက်ဆိုသလို ရှိခဲ့ပါတယ်။ တလောကလည်း စစ်ဘက် အဆောက်အဦးတစ်ခုကို မော်တာကျည်နဲ့တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ ဆီးရီးယား နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ နှစ်နှစ်တာ ကာလအတွင်းမှာ ဒမတ်စကပ်မြို့လည်ဟာ အခြားနေရာတွေထက် နှိုင်းယှဉ်ရင် အတော်လေးကို ဘေးကင်းလုံခြုံမှုရှိခဲ့တာပါ။

ဒီအတောအတွင်းမှာဆိုရင်ပဲ သမ္မတ ဘာရှာအယ်လ်အာဆတ် အစိုးရနဲ့ ငြိမ်းချမ်းရေးစကား ပြောသင့်၊ မပြောသင့် ဆိုတာကို အီဂျစ်ကိုင်ရိုမြို့မှာ ဆီးရီးယားအတိုက်အခံတွေ ဆွေးနွေးခဲ့ကြပါတယ်။ အခုနောက်ဆုံး သောကြာနေ့မှာ သူတို့ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
XS
SM
MD
LG