ဆီးရီးယားနိုင်ငံအတွင်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ကြိုကြား ပစ်ခတ်တိုက်ခိုက်မှုတချို့ရှိခဲ့တဲ့ကြားကပဲ ရန်လိုတဲ့ အပြုအမူတွေ ရပ်တန့်ပြီး သဘောတူညီချက်ဟာ ဆက်လက် တည်မြဲနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။
အကြမ်းဖက်မှုတွေ မပြန့်ပွားအောင်နဲ့ တိုက်ခိုက်မှုတွေဆက်လက် မဖြစ်ပေါ်အောင် နိုင်ငံစုံအဖွဲ့က စောင့်ကြည့်နေမှုဟာလည်း အလုပ်ဖြစ်နေတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault ကလည်း သူပုန်အဖွဲ့တွေရှိနေတဲ့နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ကိစ္စကို မဆိုင်းမတွဆွေးနွေးကြဖို့အတွက် နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့ အစည်းအဝေး ခေါ်ယူထားတယ်လို့ ပြောပါတယ်။
တကယ်လို့ အပစ်ရပ်ရေး သဘောတူညီချက်ကို အသေအချာ လေးစား လိုက်နာကြမယ်ဆိုရင် တိုက်ခိုက်မှုတွေရပ်တန့်ပြီး အကြမ်းဖက်မှုတွေတွေလည်း လျော့ကျသွားမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter က ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ စနေနေ့ အစောပိုင်းက စတင် အသက်ဝင်တာ ဖြစ်ပါတယ်။