ပစ်ခတ်တိုက်ခိုက်မှုအချို့ရှိနေတဲ့ကြားမှပဲ ဆီးရီးယားနိုင်ငံမှာ အပစ်အခတ် ရပ်စဲထားနိုင်ခဲ့တာ တတိယနေ့မြောက်ခဲ့ပြီလို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ဒီကနေ့ပြောပါတယ်။
ပဋိပက္ခတွေ ရပ်စဲသွားအောင်နဲ့ အပစ်အခတ်ရပ်စဲမှုဆက်လက် ခိုင်မြဲအောင် နိုင်ငံပေါင်းစုံ အဖွဲ့ကလဲ စောင့်ကြည့်နေကြောင်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။
သူပုန်တွေထိန်းချုပ်ထားတဲ့နေရာမှာ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်စဲသွားအောင် နိုင်ငံပေါင်းစုံအဖွဲ့အနေနဲ့ အချိန်မဆိုင်းပဲ အမြန် တွေ့ဆုံနိုင်ဖို့လည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault က တောင်းဆိုလိုက်ပါတယ်။ ဆီးရီးယားမှာ အပစ်အခတ်ရပ်စဲရေး စနေနေ့က စတင်ခဲ့ပေမယ့် ၂ ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေဆဲပါ။
ဒီအတောအတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေရပ်နားနေတဲ့အချိန်ကို အသုံးချပြီးတော့ နှစ်ပေါင်းများစွာ စစ်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ဆီးရီးယားပြည်သူ ၁ သိန်းခွဲလောက်အတွက် ထောက်ပံ့ရေးပစ္စည်းတွေကို ကုလသမဂ္ဂက ဒီကနေ့စတင်ပို့ဆောင်ပေးနေပါတယ်။