သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး အမေရိကန်နဲ့ ရုရှား ကြားဝင်စေ့စပ်မှုရလဒ် ဆက်လက်တည်မြဲ


ဆီးရီးယားနိုင်ငံမှာ အမေရိကန်နဲ့ ရုရှားရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေး ဒုတိယနေ့ ရောက်လာချိန်မှာပဲ အခြေအနေတွေ တည်ငြိမ်နေပြီး သဘောတူညီချက်က ခိုင်မြဲနေပုံရပါတယ်။

ဆီးရီးယားနိုင်ငံက IS အစွန်းရောက်တွေကို တန်ပြန် နှိမ်နင်းရာမှာ အကူအညီပေးဖို့ ရုရှားနဲ့အတူ ပူးတွဲ အကောင်အထည်ဖော်ရေးရုံး ဖွင့်လှစ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေတယ်လို့လည်း အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ်က လေတပ်တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး Jeffrey Harrigian က ပင်တဂွန် စစ်ဌာနချုပ်မှာ ရှိနေကြတဲ့ သတင်းထောက်တွေကို တယ်လီဖုန်းနဲ့ အင်္ဂါနေ့က ပြောဆိုခဲ့တာပါ။

ပထမအဆင့်အနေနဲ့ တိုက်ခိုက်မှုတွေကို ၇ ရက်ကြာ ရပ်ဆိုင်းထားဖို့ ရုရှားနဲ့ ဆီးရီးယားအစိုးရက ကျကျနန ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စင်တာတခုကို ဖွင့်လှစ်မယ်ဆိုရင် ဘယ်နေရာမှာထားမလဲ၊ ဘယ်လို လုပ်ငန်းမျိုးတွေ လုပ်ဆောင်သွားမလဲ ဆိုတာတွေကိုတော့ ပြောဖို့ရာ အချိန်မတန်သေးဘူးလို့လည်း ဒုဗိုလ်ချုပ်ကြီးက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG