သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမြို့တချို့ လေကြောင်းတိုက်ခိုက်မှုပြန်ဖြစ်


Homs မြို့က ပျက်စီးသွားတဲ့ အဆောက်အဦးများ ( ၂၆ ဖေဖဝါရီလ ၂၀၁၆)
Homs မြို့က ပျက်စီးသွားတဲ့ အဆောက်အဦးများ ( ၂၆ ဖေဖဝါရီလ ၂၀၁၆)

ဆီးရီးယား နိုင်ငံမှာ အပစ်အခတ်ရပ်စဲမှုကြောင့် ဆီးရီးယား ပြည်သူတွေ စိတ်အေးချမ်းသာမှု ရရှိနေကြပေမယ့် တချို့ မြို့တွေမှာတော့ အပစ်အခတ် ရပ်စဲရေး စတင်ပြီး နောက်တနေ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည် ဖြစ်ပွားခဲ့တာကြောင့် အေးချမ်းမှု မရှိ ဖြစ်နေပါတယ်။

အနည်းဆုံး ရွာ ၆ ရွာ ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတယ်လို့ ခံခဲ့ရတယ်လို့ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ ဘယ်သူတွေက လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့သလဲ ဆိုတာကိုတော့ မသိရသေးသလို အခု လေကြောင်းတိုက်ခိုက်မှုတွေက အပစ်အခတ် ရပ်စဲရေး သဘောတူထားတဲ့ ဒေသတွေကို တိုက်ခိုက်ခဲ့သလား ဆိုတာကလည်း ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်မှု ၉ ခုကို သိရှိထားတယ်လို့ ရုရှား စစ်တပ်က ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောဆိုထားတဲ့ ဒေသတွေကိုပါ ရုရှားတို့ ရေတွက်ထားတဲ့ အထဲ ပါဝင် သလားဆိုတာကလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဆီးရီးယား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ထဲမှာ IS အစွန်းရောက်တွေနဲ့ အယ်လ်ခိုက်ဒါး အဆက်အနွယ် အယ်လ်နူစရာ တပ်ဦးတို့က အစွန်းရောက်တွေ အပေါ် ချေမှုန်း တိုက်ခိုက်မှုတွေကတော့ အကျုံးမဝင်ပါဘူး။ ဆီးရီးယား အပစ်အခတ် ရပ်စဲရေးဟာ နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ် အဖြစ် ဆီးရီးယား နိုင်ငံတွင်း အေးချမ်းမှုကို ပိုပြီး ဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။

XS
SM
MD
LG