သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အပစ်ရပ်ရေး တိုးတက်မှု ရှိနိုင်၊ နိုင်ငံခြားရေး ၀န်ကြီး John Kerry ခန့်မှန်း


ဂျနီဗာမြို့တွင် မေလ ၂ရက်နေ့က ပြုလုပ်သော ဆီးရီးယား နိုင်ငံအရေး အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ ကို ဆော်ဒီ နိုင်ငံခြားရေး ၀န်ကြီး Adel al-Jubeir နှင့်အတူ တွေ့ရစဉ်။ ဓါတ်ပုံ - (Denis Balibouse/Pool Photo via AP)

ဆီးရီးယားနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ပိုတိုးလာနေတဲ့ အကြီးဆုံး မြို့ Aleppo အပါအ၀င် နိုင်ငံအတွင်း အပစ်အခတ် ရပ်စဲရေး ပြန်လည်စတင်ဖို့မှာ အားလုံး သဘောတူမှုကို ရှာနိုင်တယ့် အခြေအနေ နီးလာနေပြီ ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry က ပြောဆိုပါတယ်။
အမေရိကန် နဲ့ ရုရှား ကြားဝင်စေ့စပ်နေတဲ့ ဆီးရီးယား အရေး အပစ်အခတ် ရပ်စဲရေး ပြန်ပြီး အောင်မြင်အောင် လုပ်ဆောင်ဖို့ နိုင်ငံခြားရေး ၀န်ကြီး Kerry ဟာ ဆော်ဒီ နိုင်ငံခြားရေး ၀န်ကြီးနဲ့ တနလာင်္နေ့ စောစောပိုင်း ဂျနီဗာမှာ တွေ့ဆုံ ဆွေးနွေးပါတယ်။ Aleppo မြို့ကို ဆီးရီးယား အစိုးရတပ်တွေ လေကြောင်းကနေ တိုက်ခိုက်နေပြီး အရပ်သားတွေ အကြီးအကျယ် ထိခိုက်သေဆုံးနေတဲ့အတွက်လည်း အပစ်အခတ်ရပ်စဲရေးကြိုးပမ်းမှုဟာ ပျက်စီ သလောက် နီးနီး ဖြစ်နေပါတယ်။
အကြမ်းဖက်မှုတွေ ဆုံးသတ်ရေးမှာ ရုရှားရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ Aleppo မြို့ကို ဆီးရီးယားအစိုးရက တိုက်ခိုက်နေတာတွေ ရပ်စဲစေရပါမယ်ဆိုတဲ့ ရုရှားဘက်က ကတိက၀တ်ရရေးဟာ နိုင်ငံခြားရေး ၀န်ကြီး John Kerry ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်မှု ဖြစ်နေပါတယ်။
ရုရှားဘက်က တိုက်ခိုက်မှုတွေ ရပ်စဲအောင်လုပ်ဖို့ တောင်းဆိုချက်ကို လက်မခံပါဘူး၊ တိုက်ခိုက်မှုတွေဟာ Aleppo မြို့ထဲက al-Nusra တပ်ဦး အဖွဲ့ဝင်တွေနဲ့ အစွန်းရောက် အဖွဲ့တွေကို မောင်းထုတ်ဖို့အတွက် လိုအပ်တယ်ဆိုပြီး ခုခံပြောဆို နေပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်ကတော့ ရုရှားဘက်က ခုခုံပြောဆိုချက်ဟာ မဟုတ်မမှန်တဲ့အကြောင်း ငြင်းဆိုပြီး တိုက်ခိုက်မှုတွေဟာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဖြစ်တယ်။ အပစ်ခတ် ရပ်စဲရေးကို ချိုးဖေါက်နေတယ်လို့ ဆိုပါတယ်။
သေကြာနေ့က ဆီးရီးယား စစ်တပ်က အခြေအနေကို အေးအေးဆေးဆေး တုံ့ပြန်တဲ့ အနေနဲ့ Latakia ခရိုင်နဲ့ Damascus မြို့တော်တ၀ိုက် တိုက်ခိုက်မှုတွေကို ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားရေး ၀န်ကြီး John Kerry ကတော့ Aleppo မြို့ကြီးနားမှာလည်း တိုက်ခိုက်မှုတွေ အဆုံးသတ် စေချင် နေပါတယ်။
တနလာင်္နေ့က ဂျနီဗာအစည်းအဝေးမှာ ရုရှားနိုင်ငံ မပါအ၀င်တဲ့ အတွက် နိုင်ငံခြားရေး ၀န်ကြီး John Kerry ရဲ့ အပစ်ရပ်ရေး ကြိုးပမ်းမှုဟာ ရုတ်ထွေးမှု ရှိနေပါတယ်။ ဒါပေမယ့်လည်း တိုးတက်မှုတွေ ရှိလာနေပြီလို့ သူက ပြောပါတယ်။ ရုရှား မပါဝင်ပေမယ့် တိုက်ရိုက် ပြောဆိုနေတာ ဖြစ်တဲ့အကြောင်းနဲ့ လုပ်ဆောင်စရာတွေ ရှိတဲ့အတွက် အခုလို ဂျနီဗာကို ရောက်လာတာ ဖြစ်တဲ့အကြောင်း John Kerry က ပြောဆိုသွားပါတယ်။

XS
SM
MD
LG