သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ရေး အစီအစဉ် ဆီးရီယား အစိုးရ သဘောတူ


2018年4月27日,在韩国朝鲜边界的板门店停战村举行的历史性会晤欢迎仪式上,韩国总统文在寅和朝鲜领导人金正恩一起行走。
2018年4月27日,在韩国朝鲜边界的板门店停战村举行的历史性会晤欢迎仪式上,韩国总统文在寅和朝鲜领导人金正恩一起行走。

Syria နိုင်ငံမှာ စနေနေ့မှစတင်ပြီး အပစ်အခတ်ရပ်စဲရေး အမေရိကန်ပြည်ထောင်စု နဲ့ Russia နိုင်ငံတို့က အဆိုပြုတဲ့ သဘောတူညီချက်ကိုလက်ခံလိုက်ပြီလို့ Syria အစိုးရကဒီကနေ့ပဲ ပြောလိုက်ပါတယ်။

အစိုးရစစ်တပ်က IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့နဲ့ al-Qaida ကွန်ယက်နဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်အဖွဲ့တွေကိုတော့ ဆက်ပြီး စစ်ဆင်ရေး လုပ်နေမယ်လို့ အစိုးရဲ့ ကြေညာချက်မှာ ပြောသွားပါတယ်။

အမေရိကန် Russia အစီအစဉ်မှာလည်း အဲဒီ စစ်သွေးကြွအဖွဲ့တွေ မပါဝင်ပဲ၊ ဒီ အစီအစဉ်မှာ ပါဝင်မယ့် အဖွဲ့တွေအားလုံး သောကြာနေ့မှာ အဖြေပေး အတည်ပြုရမှာ ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး အစီအစဉ်ဟာ ပိတ်မိနေတဲ့နယ်မြေတွေ ဖွင့်ပေးဖို့၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးပို့ဖို့နဲ့ အရပ်သားတွေကို ဗုံးကျဲ တိုက်ခိုက်နေတာတွေ ရပ်ဖို့ တောင်းဆိုတာဆိုရင် ဒီအစီအစဉ်ကို သဘောတူ တယ်လို့ Syria ရဲ့ အဓိက အတိုက်အခံ High Negotiations Committee က တနင်္လာနေ့ညပိုင်းက ပြောသွားပါတယ်။

တနင်္လာနေ့မှာ ထုတ်ပြန်သွားတဲ့ ပူးတွဲ ကြေညာချက်မှာတော့၊ Syria ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့တွေအနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်တာကအစ အင်အား အသုံးပြုမှုကို ထိန်းချုပ်ထားရမယ်လို့ အမေရိကန်နဲ့ Russia က ပြောထားပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့တွေအနေနဲ့ အကူအညီတွေပေးတာဖို့ ပိတ်မိထားတဲ့ နယ်မြေတွေကို အကန့်အသတ်မရှိ ဝင်ထွက်ခွင့်ပေးဖို့လည်း သဘောတူရမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ဒီအပစ်ရပ် အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ ဒီကနေ့ အင်္ဂါနေ့မှာ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီရှေ့မှောက်မှာ မေးခွန်းတွေကို ဖြေကြားရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG