သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအပစ်အခတ်ရပ်စဲရေး ဒုတိယနေ့


ဆီးရီးယားအပစ်အခတ်ရပ်စဲရေး ဒုတိယနေ့
ဆီးရီးယားအပစ်အခတ်ရပ်စဲရေး ဒုတိယနေ့

အမေရိကန်နဲ့ရုရှား နိုင်ငံတွေရဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ ရယူခဲ့တဲ့ ဆီးရီးယား အပစ်အခတ်ရပ်စဲရေး ဒုတိယမြောက်နေ့ ဆက် ထိန်းထားနိုင်ပေမဲ့ လည်း ဒီသဘောတူညီချက်ပါ အဓိကအချက်တခုဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပိတ်ဆို့ခံထားရတဲ့ မြို့ရွာတွေကို အကူအညီတွေ ဖြန့်ဝေပေးဖို့ ကိစ္စကတော့ မအောင်မြင်သေးပါဘူး။

ဆီးရီးယားအစိုးရက သူနဲ့အတူ ပူးပေါင်းလုပ်ဆောင်မှသာ Aleppo မြို့အတွက် လူသားချင်းစာနာမှု အကူအညီတွေကို ဖြန့်ဝေခွင့်ပေးမယ်လို့ ပြောနေတာကြောင့်ပါ။ တချို့နေရာတွေမှာဆိုရင်လည်း သမ္မတ ဘက်ရှာ အယ်လ် အာဆဒ်အစိုးရရဲ့ ခွင့်ပြုချက်သာမက ပဋိပက္ခမှာပါနေတဲ့ တခြားအဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်ကိုပါ ရဖို့ စောင့်နေရတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။

အပစ်အခတ် ရပ်စဲပြီးတဲ့နောက် လေကြောင်းတိုက်ခိုက်မှုတွေ မရှိတော့ဘဲ အကြမ်းဖက်မှုတွေ သိသိသာသာ လျော့ကျသွားပြီး အခြေအနေ သိသိသာသာ တိုးတက်လာပေမဲ့လည်း အကူအညီတွေ ဖြန့်ဝေပေးနိုင်တဲ့ အခြေအနေတော့ မရောက်သေးဘူးလို့ ဆီးရီးယား နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Staffan de Mistura ကလည်း ပြောပါတယ်။ ဆီးရီးယား အစိုးရထံကနေ ခွင့်ပြုချက်ရဖို့ စောင့်နေရတဲ့အကြောင်းနဲ့ အကူအညီတွေ ဖြန့်ဝေပေးဖို့အတွက် တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ အဆင်သင့် စောင့်ဆိုင်ေးနကြတဲ့ အကူအညီပေးရေး အဖွဲ့တွေ အနေနဲ့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ Aleppo မြို့ အရှေ့ပိုင်းက အရပ်သားပြည်သူ ၂သိန်း ၅ သောင်းလောက် အတွက် ဒီကနေ့ပဲ အကူအညီတွေ ဖြန့်ဝေပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ အထူးကိုယ်စားလှယ် de Mistura က ပြောပါတယ်။

တက်ကြွလှုပ်ရှားသူတွေ ကတော့ လက်ရှိ အပစ်အခတ်ရပ်စဲရေး အပေါ် မျှော်လင့်ချက်သိပ်မထားကြပါဘူး။ ဒီနှစ်အစောပိုင်း အမေရိကန်နဲ့ ရုရှားအစိုးရတို့ စေ့စပ်ညှိနှိုင်းပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ရယူခဲ့ချိန်တုန်းကလည်း အကူအညီ ဖြန့်ဝေမှုတွေ တားမြစ်ခံခဲ့ရ သလို၊ သီတင်းပတ်အနည်းငယ် အကြာမှာ ပြန်ပျက်သွားခဲ့တာပဲလို့ သူတို့က ဝေဖန်ထားတာပါ။

ဆီးရီးယားအပစ်အခတ်ရပ်စဲရေး ဒုတိယနေ့
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG